MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home အားကစား ရတနာပုံ FC မန္တလေးမြို့တော်ဝန် ဖလား ပထမတန်းအဆင့် (အလွတ်တန်း) ရတနာပုံလူငယ်အသင်းရရှိ

မန္တလေးမြို့တော်ဝန် ဖလား ပထမတန်းအဆင့် (အလွတ်တန်း) ရတနာပုံလူငယ်အသင်းရရှိ

E-mail Print PDF

၂၀၀၉ခုနှစ်၊ တတိယ အကြိမ် မန္တလေး မြို့တော်ဝန် ဖလား ပထမတန်း အဆင့် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာလ ၅ရက် ညနေပိုင်းက မန္တလေး ဗထူး အားကစားကွင်း၌ ကျင်းပခဲ့ရာ ရတနာပုံလူငယ်အသင်းနှင့် ဇလပ်ဝါ ဘီစကစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရတနာပုံ လူငယ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲ သွားပြီဖြစ်သည်။

အနိုင်ရရှိသော ရတနာပုံလူငယ်အသင်းတွင် သူရကိုကို(ဂိုး)၊ ကိုကိုမင်း၊ အောင်ကျော်ဖြိုး၊ မိုးနိုင်ထွန်း၊ အောင်ကျော်မိုး၊ ဟိန်းသီဟဇော် (သူရထွန်း)၊ ရဲကိုဦး၊ အောင်မျိုးထွေး(နိုင်မိုးဝင်း)၊ ညီညီမင်း၊ အောင်မင်းသိန်း(မင်းမင်းထွန်း)၊ သက်နိုင်တို့ ပါဝင်ကစားခဲ့ကြပြီး နည်းပြအဖြစ် ဦးခင်မောင်တင့်၊ လေ့ကျင့်ရေးမှူး ဦးကျော်ကျော်ဝင်း(ခ)ဦးဇော်ဝင်းနှင့် ဂိုးနည်းပြ ဦးဝင်းမြင့်တို့က ဆောင်ရွက်ခဲ့ကြသည်။

 ၂၀၀၉ခုနှစ် မန္တလေးမြို့တော်ဝန်ဖလား ပထမတန်းအဆင့် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံအဖြစ် ရတနာပုံ လူငယ်အသင်း၊ ဒုတိယဆုအား  ဇလပ်ဝါ ဘီစကစ်အသင်း၊ အသန့်ရှင်းဆုံးဆုအား အား/ကာသိပ္ပံ(က)အသင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုအား သက်နိုင် (ရတနာပုံ လူငယ်အသင်း)နှင့် အကောင်းဆုံး ကွင်းလယ် ကစားသမားဆုအား ရဲကိုဦး (ရတနာပုံ လူငယ်အသင်း)တို့က ရရှိသွားကြောင်း သိရသည်။

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305791

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge