ယမန်နေ့က ကစားခဲ့တဲ့ ဒယ်တာယူနိုက်တက်နှင့် ဥဿာယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ ဥဿာယူနိုက်တက်က တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသွားတဲ့အတွက် ရတနာပုံ FC အနေနဲ့ ရန်ကုန်ယူနိုက်တက်နှင့် မကန်ခင်မှာပဲ အမှတ်အများဆုံးဖြင့် ချန်ပီယံ ဖြစ်သွားပြီဖြစ်သည်။
ရတနာပုံFC အနေဖြင့် ပွဲစဉ် ၁၄ပွဲမှာ တစ်ပွဲလျှော့ ၁၃ပွဲ၊ ကိုးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၂၉မှတ်ဖြင့် ပွဲစဉ်မပြီးခင်မှာပဲ ချန်ပီယံဖြစ်ခွင့်ရရှိသွားတာဖြစ်ပါတယ်။
မနှစ်က ပထမအကြိမ်ကျင်းပတဲ့ MNL Cup 2009 ပြိုင်ပွဲတွင်လည်း ရှုံးပွဲမရှိ ချန်ပီယံရရှိခဲ့တာကြောင့် ယခုနှစ် ကျင်းပတဲ့ ၂၀၀၉-၂၀၁၀ MNL Cup ပြိုင်ပွဲမှာ ပထမဆုံး အမှတ်ပေး ပရိုဘောလုံးပြိုင်ပွဲမှာ ရတနာပုံFC အနေနဲ့ ချန်ပီယံဖြစ်သွားပြီဖြစ်ကြောင်း . . .










