၂၀ရက်နေ့က မန္တလေးကို လေကြောင်းကနေ ပြန်လာတဲ့ ထပ်ဆင့်ချန်ပီယံ ရတနာပုံ ဘောလုံးအသင်းကို မန္တလေးမြို့ခံများက သောင်းသောင်းဖြဖြ ကြိုဆိုလိုက်ပြန်ပါပြီ။
တံတားဦးကနေ မြို့ထဲအထိ အောင်ပွဲခံလာတဲ့ ချန်ပီယံ ရတနာပုံတို့ကို လမ်းပြည့်၊ ကမ်းပြည့် ၀ိုင်းဝန်းကြိုဆိုကြတာပါ။
နိုင်ပွဲဆာနေတဲ့ မန္တလေးပရိသတ်အတွက်သာမက မြန်မာနိုင်ငံလုံးက ပရိသတ်များအတွက် AFC ဥက္ကဋ္ဌ ဖလားကိုပါ ရအောင်ယူပေးဖို့ ကြိုးစားမယ်ဆိုတဲ့ ရတနာပုံအသင်းဥက္ကဋ္ဌရဲ့ စကားသံကတော့ နိုင်ပွဲဆာလောင်နေကြပြီဖြစ်တဲ့ မြန်မာဘောလုံးချစ်သူများအတွက် အားဆေးတစ်ခွက်ပါပဲ. . .
မန္တလေးက ကြိုဆိုပုံအချို့ကတော့










