MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home အင်တာနက်ထဲက
အင်တာနက်ထဲမှာ

ဟာသလေးတွေ

E-mail Print PDF
ရပါတယ်
Company ပိုင်ရှင်တစ်ဦးက မန်နေဂျာရာထူးအတွက် လျှောက်ထားသူသုံးဦးအား လူတွေ့စစ်ဆေးမေးမြန်းလျက် ရှိရာ ထိုရာထူးအတွက် အင်ဂျင်နီယာဘွဲ့ရတစ်ဦး၊ ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးနှင့် စာရင်းအင်းကျွမ်းကျင်သူ တစ်ဦးတို့အား မေးခွန်းမေးရာ
ပိုင်ရှင်။ ။ ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလဲ...
အင်ဂျင်နီယာဘွဲ့ရ။ ။ ကိန်းဂဏန်းများ တွက်ချက်နိုင်သည့် ပေတံကိုအိတ်ထဲမှ ထုတ်ကာစစ်ဆေးကြည့်ရှုပြီး ၄ရပါတယ်ဆရာ။
ပိုင်ရှင်။ ။ ခင်ဗျားကရော ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလည်းပြောပါဦး....
ကွန်ပျူတာကျွမ်းကျင်သူ။ ။ အိတ်ထဲမှဂဏန်းပေါင်းစက်ကို ထုတ်ကာခလုတ်များနှိပ်ပြီးနောက် ၄ရပါတယ်ဆရာ
ပိုင်ရှင်။ ။ ကဲ.... ခင်ဗျားလည်းပြောပါဦး.....
စာရင်းအင်းသမား။ ။ ပိုင်ရှင်၏မျက်နှာကိုအတန်ကြာ စူးစိုက်ကြည့်ရှုပြီးမှ ဘယ်လောက်ဖြစ်စေချင်လည်း
ပြောပါဆရာ
Last Updated on Tuesday, 09 March 2010 14:02 Read more...
 

ဟာသလေးအချို့

E-mail Print PDF
သိသင့်တယ်
" ဟောပြောပွဲသွားမလို့၊ လိုက်မှာလား "
" အဲဒီလူက ဘာလုပ်လုပ်ရှုံးနေတာ၊ အမွေရတဲ့သိန်း ၈၀၀ကုန်ပြီ၊ သူပြောမှာကို မင်းက သွားနားထောင် မယ်ပေါ့လေ "
" သူ သိန်း၈၀၀ကုန်တဲ့အထိ မှားထားတာတွေကို တို့က ၅၀၀၀ တည်းပေးပြီးသိရမှာကွ၊ တန်ပါတယ် "

ထိန်းမလား
" မင်းအိမ်ထောင်ပြုဖို့သင့်ပြီ၊ ငါတို့အရပ်ထဲက သူဌေးမကြီးက သမီးလေးတယောက်တည်းရှ
ိတာ "
" ဟုတ်လား "
" သူကသူ့သမီးလေးကို စောင့်ရှောက်မယ့်သူဆိုရင် သဘောကျမယ်လို့ပြောနေတာ "
" သူ့သမီးက ဘယ်အရွယ်လောက်ရှိပြီလဲ "
" ခြောက်လ "
Last Updated on Tuesday, 09 March 2010 14:02 Read more...
 

ငတုံး ရှာပုံတော်

E-mail Print PDF

တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို ” ငတုံးကြီး ” ဆို လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။

ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို ” လူတွေက ငါ့ကို ငတုံးကြီးလို့ ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ” လို့အမိန့်ပေးလိုက်တယ်။

Read more...
 

ဟာသလေးများ

E-mail Print PDF

မေးလ်ထဲက ဟာသတွေ ပြန်မျှလိုက်ပါတယ် . . ပေးပို့၊ ရေးသားသူ၊ ကျေးဖူးပါ . . 

                  မြိုရခက်ကြီး

ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
 "စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး
ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"

Last Updated on Thursday, 28 January 2010 16:59 Read more...
 

ခြားနားချက်များ

E-mail Print PDF
၁။ ချစ်သူဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။

၂။ ချစ်သူဘ၀ ။ ။ အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏။

၃။ ချစ်သူဘ၀ ။ ။ ကလေးကိုဘယ်နှစ်ယောက်ယူလိုက်မလဲလို့စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀။ ။ စိတ်ကူးတဲ့အတိုင်းကလေးမယူဖြစ်ခဲ့ရင် အကောင်းသားလို့ တွေး၏။
Read more...
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »


Page 1 of 19

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 68
Content : 436
Web Links : 28
Content View Hits : 223049

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.co.cc ၀က်ဆိုဒ်အား ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ စတင်ပြီး

တရားဝင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။

၁-၁-၂၀၀၉ ရက်တွင် စတင်ပြီး မှတ်ပုံတင်ခွင့်ပြုရန် စီစဉ်ထားရှိပါတယ်။

www.ourmandalay.net ဟူသော ဒိုမိန်းနိမ်းဖြင့် လွှင့်တင်နိုင်ရန်

စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း . . . .



Create Your Badge