MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home မြန်မာ့ရိုးရာစကားထာများ
မြန်မာ့ရိုးရာစကားထာများ

စကားထာရိုးရိုးများ -၂

E-mail Print PDF
မေး    နေ့ချွတ် ည၀တ်။
ဖြေ    တံခါး မင်းတုပ်။

မေး    အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်။
ဖြေ    ကွမ်းယာ။

မေး    သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ဖြေ    ကြေးစည်။

မေး    ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ။
ဖြေ    မီးခွက်။
Read more...
 

စကားထာရိုးရိုးများ -၁

E-mail Print PDF

မေး    ရေမရှိ မြစ်လယ်ကောင်
        ထင်းမရှိ တောင်သုံးတောင်
        နှမမရှိ ခြောက်ယောက်မောင်

ဖြေ    မေတ္တာတရား
        အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော
        အာရုံခြောက်ပါး။

Read more...
 

ပုစ္ဆာ စကားထာ

E-mail Print PDF
ပုစ္ဆာစကားထာ
          ပုစ္ဆာစကားထာမှာ သင်္ချာစကားထာကဲ့သို့ ပင်ဖြစ်သည်။ စိတ်ဝင်စားဖွယ် ပုစ္ဆာအသွင်မေးမြန်းထားပြီး ဖြေဆိုက သေချာတွက်ချက်ဖြေဆိုရသော စကားထာမျိုးဖြစ်သည်။
 

ပုံပြင် စကားထာ

E-mail Print PDF
ပုံပြင်စကားထာ

          ပုံပြင်ပြောဆိုပြပြီးနောက် ပုံပြင်ပါ အကြောင်းအရာ တစ်ခုခု အား သုံးသပ်မေးမြန်းသော သဘောဖြစ်သည်။ ထိုသို့ မေးမြန်းပြီး ဖြေဆိုသူ၏ စိတ်သဘောထားကို ခန့်မှန်းကြည့်လေ့ရှိသည်။
 

စကားဝှက်

E-mail Print PDF
စကားဝှက်
    စကားတစ်လုံးစီ တစ်လုံးစီကို ၀ှက်၍ထားရာ ယင်းတို့ကို စုပေါင်းဖြေဆိုလိုက်သောအခါ လိုအပ်သော အဖြေထွက်လာမည်ဖြစ်သည်။ အချို့ စကားဝှက်တွင်မူ စကားလုံးများကို စကားလိမ်ခံ၍ ၀ှက်သည်လည်းရှိသည်။
Read more...
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  Next 
  •  End 
  • »


Page 1 of 2

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 66
Content : 436
Web Links : 28
Content View Hits : 221456

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge