မေး ရေမရှိ မြစ်လယ်ကောင်
ထင်းမရှိ တောင်သုံးတောင်
နှမမရှိ ခြောက်ယောက်မောင်
ဖြေ မေတ္တာတရား
အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော
အာရုံခြောက်ပါး။
မေး ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ဗဟိုရင့်ကျူး၊ နာရီမှူး။
ဖြေ ကြက်ဖ (ဗဟိုစည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်ကျူးတတ်သည်။)
မေး ဆယ့်ခြောက်ပြည်ထောင် ပိုင်စိုး၊ မင်းမျိုးငဲ့ရာဇာ၊ ရှေးကုသိုလ် ကံမကောင်းတာကြောင့်
ခေါင်း ခြေ လက် မပါ။
ဖြေ တင်းတောင်း ( ၁၆ပြည်ဆံ့)
မေး သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ
လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
ဖြေ ချိန်ခွင်
မေး ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ဖြေ ချိန်ခွင်
မေး ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း
ဖြေ ကျောက်ပျဉ်
မေး ချောင်ငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
ဖြေ ကျောက်ပျဉ်။
မေး နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း။
ဖြေ အပ်
မေး ငုပ်ချည်ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
ဖြေ အပ် နှင့် ချည်။
မေး နတ်သမီး တံတွေးပေါက် ကြက် မကောက်နိုင်။
ဖြေ နေပြောက်
မေး နွားနို့ တစ်ပန်းကန် တစ်ပြည်လုံးလျှံ။
ဖြေ လ နှင့် လရောင်
မေး နတ်သမီးအိမ်တိုင် သူခိုးမတက်နိုင်။
ဖြေ ငှက်ပျောပင်
မေး နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။
ဖြေ အုန်းသီး။
မေး မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။
ဖြေ အုန်းသီး
မေး မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။
ဖြေ အုန်းသီး
မေး ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊
ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။
ဖြေ အုန်းသီး
မေး သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း။
ဖြေ ခေါင်းခု။
မေး လေးထောင့်စပ်စပ်၊ သူ့မျက်နှာ ငါ့မှာကပ်။
ဖြေ မှန်
မေး အပင် နွဲ့နှောင်း၊ အသီးဖောင်းဖောင် မစားကောင်း။
ဖြေ ဆံပင်နှင့် သန်းဥ။
မေး ငါ့နွားနက်နက် ချုံပေါ်တက်၊ ချက်ချက်သံမျှ မကြားရ
ဖြေ ဆံပင်နှင့်သန်း
မေး သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးတည်း။
ဖြေ ဆံပင်နှင့် ဆံထုံး
မေး နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။
ဖြေ တံခါးရွက်။










