မေး နေ့ချွတ် ည၀တ်။
ဖြေ တံခါး မင်းတုပ်။
မေး အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်။
ဖြေ ကွမ်းယာ။
မေး သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ဖြေ ကြေးစည်။
မေး ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ။
ဖြေ မီးခွက်။
မေး အညာကဆင်ဖြူ၊ အမွှေးထူ။
ဖြေ ကြက်သွန်ဖြူ။
မေး ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
ဖြေ ငှက်ပြောဖူး။
မေး သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။
ဖြေ ပြောင်းဖူး။
မေး ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။
ဖြေ ပြောင်းဖူး။
မေး အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။
ဖြေ နာနတ်သီး။
မေး ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။
ဖြေ နာနတ်သီး။
မေး တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။
ဖြေ မှို။
မေး ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။
ဖြေ ပဒိုင်းသီး။
မေး တို့နွားတစ်ကောင် ဘို့တစ်ထောင်။
ဖြေ ကြက်ဟင်းခါးသီး။
မေး တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။
ဖြေ ကြက်ဟင်းခါးသီး နှင့် ဆန်ဆေးရေ
(ကြက်ဟင်းခါးသီးချက်လျှင် ဆန်ဆေးရေနှင့်ဆေးပါက အခါးသက်သာသည်ဟု ဆိုကြသည်။)
မေး သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
ဖြေ သင်္ဘောသီး။
မေး နွားမတစ်ရာ ရေဆင်းလာ၊ ခြေရာလည်းပျောက် ရေလည်းနောက်။
ဖြေ ဆန်ဆေးသည်။
မေး ဖတ်လတ် ဖတ်လတ် ၂ ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂ တွဲလွဲ၊
ဒေါက်လောက် ဒေါက်လောက် ၄ ဒေါက်လောက်။
ဖြေ ၂ ဖတ်လတ် = နားရွက် ၂ခု၊
၂တွဲလွဲ = နှာမောင်းနှင့်အမြီး။
၎ ဒေါက်လောက် = ခြေ ၄ ချောင်း။
ဆင်










