MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

စကားလိမ်

E-mail Print PDF
စကားလိမ်
    စကားကို ကာရန်အားဖြင့် ရှေ့နောက်လိမ်လည်၍ဖြစ်စေ၊ အလျားလိုက်လိမ်ပတ်၍လည်းကောင်း ပြောဆိုသော စကားထာမျိုးဖြစ်သည်။ ဤစကားထာတွင်မူ အနက်အဓိပ္ပာယ်ကို မြှုပ်နှံ၍မထား။ နှိုက်၍ ယူရန်မလို၊ သူ့အဖြေနှင့်သူ ရှိနှင့်ပြီးဖြစ်သည်။
    မေး။    တောင်ကြိုတောင်ကြား၊ ပေါက်သည့်ဝါး၊ အဖျားခပ်သွယ်သွယ်
    ဖြေ။    အိမ်ကြိုအိမ်ကြား၊ မွေးသည့်သား၊ စကားခပ်ကြွယ်ကြွယ်

    မေး။    ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းတတ်တယ်
    ဖြေ။    တစ်ရွာသား ရည်းစားလုပ်တော့ လွမ်းရတယ်

    မေး။    ခမောက်ဖျား စပါးသီး
    ဖြေ။    သပေါက်သား စကားကြီး
စသော အချေအတင် ပြောဆိုသည့် စကားမျိုးဖြစ်သည်။ ထိုစကားထာမျိုးတွင် အစ၊အဆုံး ကာရန်ညီသည်လည်းရှိ၊ မညီသည်လည်းရှိသည်။ ကာရန်လုံးဝမညီဘဲ အလိုက်သက်သက်ဖြင့် ပြောရသည်လည်းရှိပေသည်။
    စကားလိမ်းနောက်တစ်မျိုးမှာ ကာရန်ရှေ့နောက်ပြန်လှန်ကာ လိမ်၍ပြောသော စကားမျိုးဖြစ်သည်။ လောကဓံ - လံကဓော၊ နောင်မှသိ - နိမှသောင်၊ လင်မလာ - လာမလင် စသည်ဖြင့် ရှေးကဗျာ၊ သီချင်းများတွင် အသုံးပြုကြသည့်စကားမျိုးဖြစ်သည်။
    မေး။    နမုတစ၊ နူပေ၊ အယုစိတ်
    ဖြေ။    နွားမတစ်စု၊ နေပူ၊ အရိပ်စု
   
    မေး။    ၀ယင်ဘုံ၊ ဂျုအိုး၊ တေလာလောင်လို့ အကိုကျောက်၊ လောက်ကလေးကကူ
    ဖြေ။    ၀ါးရုံပင်၊ ချိုးဥ၊ တောင်လေလာလို့ အောက်ကိုကျ၊ လူကလေးကကောက်
စသော စကားမျိုးဖြစ်သည်။ အနက်အဓိပ္ပါယ်ကို နက်နက်နဲနဲ နှိုက်ချွတ်ရှာဖွေဖော်ရန်မလိုဘဲ သူ့အဖြေနှင့်သူ အလိုက်သင့်ရှိပြီးဖြစ်သည်။ အကြားအမြင် ဗဟုသုတ များရန်လိုသည်။ ဟာသဥာဏ်၊ ဇ၀နဥာဏ် ရွှင်ဖို့လိုသည်။ တစ်ဦးက၀ှက်သည်ကို တစ်ဦးက လျှင်မြန်စွာ ဖြေရန်၊ ပြန်လည်ချေပရန်သာလိုသည်။

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305836

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ အချိန်အတွင်း မန္တလေးမြို့တွင် အခြေစိုက်ထုတ်ဝေလျက်ရှိသော ဂျာနယ်များအား အင်တာနက်တွင် ဖတ်ရှုနိုင်ရေး ဆောင်ရွက်မည်ဖြစ်ရာ မန္တလေးအခြေစိုက်ဂျာနယ်များအား မန္တလေးနေ့စဉ်သတင်းစာ နည်းတူ အင်တာနက်တွင် ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။



Create Your Badge