ဒုတိယအကြိမ် ဘားကမ့်(မန္တလေး)
- Details
- Category: မန္တလေးသတင်း
- Published on Friday, 27 January 2012 05:35
- Written by မန္တလာသား
- Hits: 92
ဒုတိယအကြိမ်မြောက်အဖြစ် မန္တလေးမှာ ကျင်းပမယ့် ဘားကမ့်(မန္တလေး)ကို ဖေဖော်ဝါရီ ၄ရက်နဲ့ ၅ရက်နေ့များမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
လုပ်မယ့်နေရာကတော့ ရွှေဖြူပလာဇာ၊ ၃၂လမ်းx၃၃လမ်း၊ ၇၇လမ်းx၇၈လမ်းကြားမှာပါ။
အချိန်ကတော့ နံနက် ၈နာရီလောက်ကနေစပြီး ညနေဘက်ထိပေါ့ . . .
နှစ်သစ်ဆုတောင်း
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 31 December 2011 23:59
- Written by မန္တလာသား
- Hits: 139
၂၀၁၁ ခုနှစ်ကို နှုတ်ဆက်ကာ ၂၀၁၂ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ပါပြီ။
၂၀၁၁ ခုနှစ်ကတော့ ကျွန်တော်တို့အတွက် အပြောင်းအလဲများစွာကို သယ်ဆောင်လာတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။
အပြောင်းအလဲတွေဖြစ်တာနဲ့အညီ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ကြဖို့ကတော့ လိုအပ်နေတာ ၂၀၁၂ နှစ်သစ်ပဲဖြစ်ပါတယ်။
အကောင်းတွေရော ၊ အဆိုးတွေပါ ကြုံတွေ့ရတဲ့ လောကရဲ့ တရားထဲမှာ အကောင်းကိုသာ လိုချင်ကြတာ သဘာဝပါ။
ဒါပေမဲ့ အကောင်းရော အဆိုးရော ဖြစ်သမျှ အပြောင်းအလဲကြားမှာ သမမျှတစွာ နေထိုင်နိုင်ဖို့ကတော့ လိုအပ်လှပါတယ်။
ထူးထူးခြားခြား မန္တလေးက နှစ်သစ်ကိတ်မုန့်ကြီး
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 31 December 2011 10:48
- Written by မန္တလာသား
- Hits: 150
မန္တလေးမှာ၂၀၁၁ ခုနှစ်ကို နှုတ်ဆက်ပြီး ၂၀၁၂ ခုနှစ် နှစ်သစ်ကို ကိတ်မုန့်ကြီးနဲ့ ထူးထူးခြားခြားကြိုဆိုမယ်လို့ သိရပါတယ်။
မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၆လမ်းx ၂၇လမ်းကြားမှာ Cake World ကိတ်မုန့်ဆိုင်က ကိတ်မုန့်ကြီး ပြုလုပ်ကာ နှစ်သစ်ကို ကြိုဆိုသွားမှာပါ။ ကိတ်မုန့်ကြီးကို လာသမျှ လူကို ကျွေးဦးမှာပါ။ ကိတ်မုန့်ကြီး အနည်းဆုံး ၈ပေခန့်ရှိနိုင်မယ်လို့ ဆိုပါတယ်။
မန္တလေးဓာတ်ပုံအသင်း ငွေရတုအကြို ဓာတ်ပုံပြပွဲ
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 17 December 2011 16:03
- Written by မန္တလာသား
- Hits: 174
မန္တလေးဓာတ်ပုံအသင်း ရဲ့ ၂၅နှစ်ပြည့် ငွေရတုအကြို ဓာတ်ပုံပြပွဲကို ဒီဇင်ဘာ ၁၇ရက်မှ ဒီဇင်ဘာ ၁၉ရက်နေ့အထိ ၃ရက်တိုင်တိုင် မန္တလေး ၇၈လမ်း၊ ၃၄လမ်းထောင့်ရှိ ရတနာပုံဈေး ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပလျက်ရှိပါတယ်။
၃၅လမ်း၊ ၄၂ လမ်းခုံးကျော် စည်းကမ်းသစ်ထုတ်ပြန်
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 17 December 2011 15:47
- Written by မန္တလာသား
- Hits: 148
မန္တလေးမြို့ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းအား အဓိက ဆက်သွယ်ထားသည့် ၃၅လမ်းရန်ကြီးအောင် ခုံးကျော်တံတားနှင့် ၄၂လမ်း ချမ်းမြမာလာ ခုံးကျော်တံတားတွေကို ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့က စတင်ပြီး ဆိုင်ကယ်နှင့် စက်ဘီးများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သတင်းစာများမှာ ထည့်သွင်းကြော်ငြာထားပါတယ်။
အမေလူထု ဒေါ်အမာ ၉၆ နှစ်ပြည့် မွေးနေ့
- Details
- Category: မန္တလေးသတင်း
- Published on Friday, 02 December 2011 05:06
- Written by မန္တလာသား
- Hits: 152

အမေလူထုဒေါ်အမာရဲ့ ၉၆နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်မှာ နိုဝင်ဘာလ ၂၉ရက်က ကျင်းပခဲ့ပါတယ်။
အမေ မဆုံးခင်ကတော့ တောင်လေးလုံးကျောင်းတိုက်မှာ အမေ့မွေးနေ့ကို ကျင်းပလေ့ရှိပါတယ်။
စာပေဟောပြောပွဲ
- Details
- Category: မန္တလေးသတင်း
- Published on Sunday, 04 December 2011 11:59
- Written by မန္တလာသား
- Hits: 277
မန္တလေးမြို့ ၃၅လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြား မြတောင်တိုက် ဓမ္မာရုံ တွင် ဒီဇင်ဘာလ ၇ရက် ည ၇နာရီတွင် ဆရာကျော်ရင်မြင့်၊ ဆရာ အော်ပီကျယ်၊ ဆရာ ဦးဘုန်း(ဓာတု) တို့က စာပေဟောပြောပွဲ ကျင်းပမယ်လို့ သိရပါတယ်။
နှစ်သစ်မောင်မယ်ရွေးချယ်ပွဲ
- Details
- Category: မန္တလေးသတင်း
- Published on Monday, 28 November 2011 15:03
- Written by မန္တလာသား
- Hits: 158
ဂရိတ်ဝေါလ် shopping centre မှာ ကျင်းပမယ့် ပွဲလေးပါ။
နှစ်သစ်မောင်မယ်ပြိုင်ပွဲရယ်
အဖွဲ့လိုက် အကပြိုင်ပွဲရယ် ကျင်းပမှာပါ။
အသေးစိတ်ကို အောက်မှာဖိတ်ဗျာ . . .




