မန္တလေးဓာတ်ပုံအသင်း ငွေရတုအကြို ဓာတ်ပုံပြပွဲ

User Rating:  / 0
PoorBest 

မန္တလေးဓာတ်ပုံအသင်း ရဲ့ ၂၅နှစ်ပြည့် ငွေရတုအကြို ဓာတ်ပုံပြပွဲကို ဒီဇင်ဘာ ၁၇ရက်မှ ဒီဇင်ဘာ ၁၉ရက်နေ့အထိ ၃ရက်တိုင်တိုင် မန္တလေး ၇၈လမ်း၊ ၃၄လမ်းထောင့်ရှိ ရတနာပုံဈေး ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပလျက်ရှိပါတယ်။

ပြပွဲရက်များအတွင်း နံနက် ၉နာရီမှ ညနေ၅နာရီအထိ မည်သူမဆိုလွတ်လပ်စွာ လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မန္တလေးဓာတ်ပုံအသင်းရဲ့ ၂၅ နှစ်ပြည့်မြောက်တဲ့ ငွေရတုပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Additional information