နှစ်သစ်ဆုတောင်း
- Details
- Category: မန္တလေးသတင်း
- Published on Saturday, 31 December 2011 23:59
- Written by မန္တလာသား
- Hits: 139
၂၀၁၁ ခုနှစ်ကို နှုတ်ဆက်ကာ ၂၀၁၂ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ပါပြီ။
၂၀၁၁ ခုနှစ်ကတော့ ကျွန်တော်တို့အတွက် အပြောင်းအလဲများစွာကို သယ်ဆောင်လာတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။
အပြောင်းအလဲတွေဖြစ်တာနဲ့အညီ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ကြဖို့ကတော့ လိုအပ်နေတာ ၂၀၁၂ နှစ်သစ်ပဲဖြစ်ပါတယ်။
အကောင်းတွေရော ၊ အဆိုးတွေပါ ကြုံတွေ့ရတဲ့ လောကရဲ့ တရားထဲမှာ အကောင်းကိုသာ လိုချင်ကြတာ သဘာဝပါ။
ဒါပေမဲ့ အကောင်းရော အဆိုးရော ဖြစ်သမျှ အပြောင်းအလဲကြားမှာ သမမျှတစွာ နေထိုင်နိုင်ဖို့ကတော့ လိုအပ်လှပါတယ်။
အကောင်းတွေကိုသာ လိုချင်ပြီး အဆိုးတွေကို မလိုချင်လို့ မရပါဘူး။
ရရှိလာတဲ့ အဆိုးထဲက သင်ခန်းစာယူပြီး အနာဂတ်ကို ပြင်ဆင်ကြရပါမယ်။
အပြောင်းအလဲ အဆိုးအကောင်းကြားမှာ မိမိယုံကြည်ရာကို ခိုင်ခိုင်မာရပ်တည်အကောင်အထည်ဖော်နိုင်ဖို့က အဓိက ကျလှပါတယ်။
အပြောင်းအလဲကြောင့် အလိုက်သင့်ပြောင်းလဲရပေမဲ့ ကိုယ်ရဲ့ ယုံကြည်ချက်ကတော့ ခိုင်မြဲဖို့လိုပါတယ်။
ယုံကြည်ချက်(ရည်မှန်းချက်)ကို အောင်မြင်ဖို့အတွက် ထိုက်သင့်တဲ့ ပြောင်းလဲမှုတွေကို ပြောင်းလဲနိုင်ရမှာဖြစ်ပါတယ်။
ရေရှည်မှာ ကိုယ့်အတွက် အောင်မြင်ဖို့က အဓိက ကျလှပါတယ်။
ပြောင်းလဲမှုတိုင်းမှာ ပြောင်းလဲမှုကို မလိုချင်သူတွေရှိမှာပါ။ ဒီလိုပဲ အရာရာတိုင်းမှာ ဆန့်ကျင်သူ၊ ထောက်ခံသူနဲ့ ဘာသိဘာသာ နေသူတွေ ရှိနေဦးမှာပါ။
ဘာပဲဖြစ်ဖြစ် စိတ်မလျော့ပဲ ကိုယ်ယုံကြည်ရာ ပန်းတိုင်းကို ၂၀၁၂ ခုနှစ်မှာ အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
အားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ
မန္တလာသား
၃၁-၁၂-၂၀၁၁



