ဘားကမ့် ရန်ကုန် ၂၀၁၂ ဖွင့်ပွဲကျင်းပ
- Details
- Category: ရန်ကုန်သတင်း
- Published on Saturday, 11 February 2012 07:46
- Written by မန္တလာသား
- Hits: 250

Barcamp Yangon 2012 ဖွင့်ပွဲအခမ်းအနားကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈နာရီက Myanmar Info-Tech မှာ ကျင်းပခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်ပြီး NLD ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲအခမ်းအနားမှာ လူငယ်များအတွက် အမှာစကားပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
နံနက် ၉နာရီက စတင်ပြီး သတ်မှတ်ထားတဲ့ အခန်းများမှာ ခေါင်းစဉ်များအလိုက် ဆွေးနွေး နေကြပါတယ်။
အရင်နှစ်များလောက် ပြောတဲ့သူတွေ မစည်ကားသလို ဖြစ်နေပါတယ်။ အခန်းအသီးသီးမှာတော့ ပြောကြားသူတွေ၊ နားထောင်သူတွေနဲ့ စည်ကားလို့ နေပါတယ်။
အချိန်တိုင်းမှာ အခန်းတိုင်း ခေါင်းစဉ် မတင်ထားနိုင်တာကတော့ အခန်းတွေများနေလို့ ဖြစ်ပါလိမ့်မယ်။
ဘားကမ့် ရန်ကုန်ကို ၁၂-၂-၂၀၁၂ ရက်နေ ညနေ ၅နာရီအထိ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။



