ကြိုဆိုပါသည်

User Rating:  / 0
PoorBest 

၁၂-၁-၂၀၁၂ ညနေပိုင်းကစပြီး အင်တာနက်ထဲမှာ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကတော့ နိုင်ငံတော် သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြောင့်ပါပဲ။

၁၃-၁-၂၀၁၁ မှာတော့ နံနက် ၁၀နာရီဝန်းကျင်ကနေ စပြီး မြန်မာနိုင်ငံအသီးသီးမှာရှိတဲ့ အကျဉ်းထောင်များကနေပြီး လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အကျဉ်းသားများ လွတ်မြောက်လာတာ တွေ့ရပါတယ်။

အားလုံးမျှော်လင့်သူတွေလည်းပါသလို မမျှော်လင့်သူတွေလည်း ပါလာပါတယ်။

အချို့ကတော့ လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ အပြစ်ဒဏ်အကြွေးပါနေတာကို မကြိုက်ကြသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ လွတ်မြောက်လာသူများကို ကြိုဆိုပြီး ဒီလိုလွတ်မြောက်ခွင့်ပြုသူများကိုလည်း ကျေးဇူးတင်မိပါတယ်။

 

 

ဘာဖြစ်ဖြစ်ဗျာ . .  မပြောင်းလဲတဲ့အခြေအနေကနေ အပြောင်းအလဲတစ်ခု ဖြစ်လာကို အကောင်းဆုံးဖြစ်အောင် လိုက်ပါပြောင်းလဲဖို့ပဲ လိုပါတယ်။

အပြောင်းအလဲတွေကြားထဲမှာ မိမိယုံကြည်မှုကို အပြောင်းအလဲမရှိဘဲ လိုက်လျောညီထွေစွာ ပြောင်းလဲ လုပ်ဆောင်နိုင်ကြပါစေလို့သာ . . .

မန္တလာသား

 

Additional information