စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းကြပါစို့
- Details
- Category: ဆောင်းပါး
- Published on Sunday, 11 March 2012 07:15
- Written by မန္တလာသား
- Hits: 157
International LOOK Magazine မှာ ပါရှိသွားတဲ့ ဆောင်းပါးလေးပါ။ အခု နွေဝင်တော့မယ်။ သစ်ပင်လေးတွေအတွက် ဘာတွေ လုပ်နေကြလဲဗျာ . . . စိတ်ပူနေမိပါတယ်။
စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းကြပါစို့
ကိုထိပ်(မန္တလေး)
အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ တစ်ရက်မှာ မိုးတွေရွာနေတုံး ထုံးတောင်-အရှင်ဓမ္မပီယ(မြောင်)ရဲ့သစ်ပင်တောတန်းဘုရား ချီးမွမ်း၏ ဆိုတဲ့ဓမ္မစာစဉ်လေးကို တတိယ အကြိမ်မြောက် ဖတ်ရှုရင်း အတွေးစတွေက စဉ်ဆက်မပြတ် တွေးတောနေမိပါတော့တယ်။
ဆရာတော်က ဘုရားရှင် ပြဋ္ဌာန်းထားတဲ့ ဘူတဂါမ ပါတဗျ သိက္ခာပုဒ် အကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။ ကြီးပွားဆဲ၊ ကြီးပွားပြီးသော သစ်ပင် အ ပေါင်းကို ဖျက်ဆီးခြင်းကြောင့် သင့်ရောက်တဲ့ ပါစိတ်အာပတ်ဖြစ်ကြောင်းကို ရှင်းလင်းပြသထားပါတယ်။
ရဟန်းတော်များအနေနဲ့ ရှင်သန်ကြီးထွားနေတဲ့သစ်ပင်သာမက သစ်ပင်ရဲ့ အမြစ်၊ အဆစ်၊ အညွန့်၊ မျိုးစေ့စတဲ့ ဗီဇဂါမ်ကို ဖျက်ဆီးရင်တောင်မှ အာပတ်သင့် စေမှာဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် ကြိုတင်တားဆီးခဲ့တဲ့ အတုမဲ့ ဥာဏ်တော်ကို တွေးတောကြည်ညိုရင်း အတွေးတစ်စက ထွက်ပေါ်လာပါ တယ်။
ချစ်သူများနေ့ လက်ဆောင်မွန်
- Details
- Category: ဆောင်းပါး
- Published on Sunday, 05 February 2012 07:58
- Written by မန္တလာသား
- Hits: 318
ချစ်သူများနေ့ လက်ဆောင်မွန်
မြနှင်းပွင့်
ကမ္ဘာတစ်ဝန်းလုံးမှာ ခရစ္စမတ်နေ့ပြီးရင် ဒုတိယအများဆုံး အမှတ်တရကတ်တွေ၊ လက်ဆောင်တွေ ပေးတဲ့ နေ့တစ်နေ့ ရှိပါတယ်။ အဲဒါကတော့ Valentine’s Day ပါပဲတဲ့။ Valentine’s Day နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လူငယ်ထုကြားထဲကို ထိုးဖောက်ဝင်ရောက်လာတာ ဆယ်စုနှစ်နှစ်ခုမပြည့်သေးပါဘူး။ ချစ်သူများနေ့ ရယ်လို့ သတ်မှတ်ပြီး ချစ်သူတွေအချင်းချင်း လက်ဆောင်တွေဖလှယ်ကြတာပါ။
Valentine’s Day (ချစ်သူများနေ့)အဖြစ် ကမ္ဘာတစ်ဝန်းလုံးမှာ ကျင်းပကြတာကတော့ ဖေဖော်ဝါရီ ၁၄ရက်နေ့ပါပဲ။ ဖေဖော်ဝါရီ ၁၄ရက်မှာ ချစ်သူတွေ ပျော်ကြသလို ချစ်သူရည်းစားမရှိသူများကတော့ ရင်ခုန်သံ ကင်းမဲ့နေသလိုပါပဲ။
Valentine’s Day ကို ချစ်သူတွေပဲ ပါဝင်ကျင်းပကြတာထက် တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးမှုရှိသူတွေ ပါဝင်ကျင်းပလေ့ရှိပါတယ်။ မိမိရဲ့ ချစ်သူကို ချော့ကလက်၊ နှင်းဆီ၊ အထိမ်းအမှတ်ကတ်၊ ကဗျာလေးတွေ ပေးကြသလို မိမိခင်မင်ကြရသူတွေကိုလည်း လက်ဆောင်ပေးကြလေ့ရှိပါတယ်။
Valentine’s Day အတွက် စီးပွားရေးအကွက်မြင်သူတွေကတော့ အထူးပွဲတွေကျင်းပလာကြပါတယ်။ ချစ်သူစုံတွဲတွေထဲက အကောင်းဆုံး စုံတွဲတွေရွေးချယ်တာမျိုး၊ ပွဲတွေကျင်းပတာမျိုးပေါ့။ အမျိုးမျိုးဆောင်ရွက်လာကြပါတယ်။ Valentine’s Day အတွက် လက်ဆောင်ပေးဖို့ကိုလည်း ထူးထူးခြားခြား ဆောင်ရွက်လာကြပါတယ်။ ချော့ကလက်ပုံစံမျိုးစုံ၊ နှင်းဆီပုံစံမျိုးစုံသာမက ကတ်ပြားလေးတွေ၊ အရုပ်ကလေးတွေကအစ တန်ဖိုးအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ ရောင်းချလာကြပါတယ်။
ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါ
- Details
- Category: ဆောင်းပါး
- Published on Sunday, 05 February 2012 07:57
- Written by မန္တလာသား
- Hits: 172
ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါ
ကိုထိပ်(မန္တလေး)
ဖေဖော်ဝါရီလကို ရောက်လာတာနဲ့ အင်တာနက်ထဲမှာ Gtalk မှာပဲဖြစ်ဖြစ်၊ Facebook မှာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်မေးကြလေ့ရှိပါတယ်။ ဖေဖော်ဝါရီမှာဘာနေ့ရှိသလဲတဲ့ . . . ။ မေးတဲ့သူမေးတော့ ဖြေတဲ့သူတွေက ဖြေကြပါတယ်။ ချစ်သူများနေ့ရှိတယ်ပေါ့။
လူငယ်တွေဆိုတော့ အချစ်ကို ရင်ခုန်ခံစားရစ်မူးကြပါတယ်။ ဒီတော့ ချစ်သူများနေ့ဆိုတာ အားလုံးအတွက် ရင်ခုန်စရာပါပဲ။ ဒါပေမဲ့ မြန်မာလူငယ်တွေအားလုံးရင်ထဲမှာ ရှိနေတာ ရှိပါသေးတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့လေ လို့ မေးလိုက်ရင်တော့ . . . . ပြည်ထောင်စုနေ့လို့ ဖြေကြပါတယ်။
ဒီလိုပါပဲ ဦးနှောက်နဲ့ မမှတ်ဘဲ၊ နှလုံးသားနဲ့ မှတ်ထားတဲ့ နေရက်တစ်ခုရှိပါသေးတယ်။ အခြေခံပညာ ၄တန်းအထိ ပညာသင်ကြားဖူးခဲ့ရင်တောင် သိနေ၊ မှတ်မိနေတဲ့ အကြောင်းအရာလေးပါ။ လူငယ်တွေကို ဘာပဲ ပြောနေကြ၊နေကြ မေးကြည့်စေချင်ပါတယ်။ ဖေဖော်ဝါရီ ၁၃မှာ . . . . လို့ ဆိုပြကြည့်စေချင်ပါတယ်။ ဘာများဖြေကြမလဲဗျာ . . .။ ဖေဖော်ဝါရီ ၁၃ဟာ ဗိုလ်ချုပ်မွေးနေ့ပါ . . . လို့ ဖြေကြမှာပေါ့။




