ရီရှင်း အလှကုန်

User Rating:  / 0

            မန္တလေးမြို့တော်အတွင်းမှာ စည်ပင်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြောင်းလဲမှုတွေက များပြားလှပါတယ်။ ဘယ်လိုပဲ ပြောင်းလဲပါစေ မပြောင်းမလဲ တည်ရှိတာကတော့ မိန်းမသားတို့အဖို့ အလှပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ ရှေးယခင် တော်ဝင်နန်းသုံးမိန်းမသားတို့အတွက် အလှပြင်ပစ္စည်းများက မများပါဘူး။ သဘာဝ နံ့သာများကို အခြေခံပြီး သုံးစွဲလာရာက ခေတ်အဆက်ဆက်မှာ တိုးတက်များပြားလာပါတော့တယ်။ အခုအချိန်မှာတော့ အမျိုးသမီးများအတွက် အလှပြင်ပစ္စည်းများကတော့ ဆံဖျားမှ ခြေဖ၀ါးအထိ အမျိုးအစား စုံလင်လှပါတယ်။ အမျိုးအစားစုံလင်သလို တံဆိပ်တွေကလဲ မျိုးစုံပါ၊ နေ့သုံး၊ ညသုံးနဲ့ အချိန်ကာလအလိုက် အသုံးပြုရတာတွေကလဲ မျိုးစုံလှပါတယ်။ ဒီလို အမျိုးစုံ၊ အမယ်စုံကို တစ်နေရာထဲမှာ စုစည်းပေးထားတဲ့ နေရာလေး တစ်ခု မန္တလေးမှာ ရှိပါတယ်။ အဲဒါကတော့ ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre ) ပဲ ဖြစ်ပါတယ်။

လက်ကားဈေးနှင့် လက်လီရောင်းချ

            ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre )ကို မန္တလေးမြို့ လမ်း၈၀၊ ၃၂လမ်းနဲ့ ၃၃လမ်းကြားမှာ Show Room အဖြစ် ဖွင့်လှစ်ထားရှိပါတယ်။ မန္တလေးဈေးချိုတော် A ရုံ(စပယ်ရုံ)၊ မြေညီထပ် ဆိုင်အမှတ် ၅၈နှင့်၆၀မှာလည်း လက်ကားဝယ်ယူမည့် ဖောက်သည်များအတွက် အဓိက ထားပြီး ဖွင့်လှစ်ထားရှိပါတယ်။ ရီရှင်းအလှကုန်ရဲ့ Show Room က အလှကုန်များကို သီးသန့် ရောင်းချပေးတဲ့ နေရာတစ်ခုပါ။ လက်လီ ပစ္စည်းများကို လက်ကား ဈေးနှုန်းအတိုင်း ရောင်းချပေးတာမို့ ၀ယ်ယူသူများအတွက် ပစ္စည်းမှန် ဈေးမှန် ရနိုင်တဲ့ နေရာ တစ်ခုပါပဲ။

Read more...

သဇင်နွယ် မြန်မာ့ရိုးရာ ရက်ကန်းအထည်အမျိုးမျိုး

User Rating:  / 0

 

 

             မန္တလေးမြို့ရဲ့ တောင်ဘက်မှာ ရှိလို့ တောင်မြို့လို့ ခေါ်ကြတဲ့ အမရပူရမြို့ရဲ့ ထင်ရှားကျော်ကြားတဲ့ အရာတစ်ခုကတော့ ရက်ကန်းလုပ်ငန်းပဲဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ နာမည်တော် ချိတ်ရက်ကန်းလုပ်ငန်းရဲ့ မူလဇစ်မြစ်က အမရပူရမှာ မှီတည်နေပါတယ်။ အမျိုးသားဝတ်ပုဆိုး၊ အမျိုးသမီးဝတ် ထမီ၊ အင်္ကျီ၊၀မ်းဆက်စ စတဲ့ အထည်အမျိုးမျိုးကို အမရပူရတစ်ဝိုက်ကနေ ထုတ်လုပ်လျက်ရှိပါတယ်။ အမရပူရနယ်အတွင်းက ဒုဋ္ဌ၀တီမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ ရွာတွေကို ၀င်လိုက်ရင်ဖြင့် စက်ရက်ကန်းသံနဲ့ လက်ရက်ကန်းသံတွေက ကြိုဆိုနေပါတယ်။ အိမ်တိုင်းရှေ့မှာ ချည်တွေ ဆေးဆိုးထားတာလဲ တွေ့မြင်ရဦးမှာပါ။

             ဒီလိုပဲ အမရပူရမြို့ထဲ ၀င်လိုက်ရင်လည်း ရက်ကန်းထည်တွေ ရောင်းချနေတဲ့ ဆိုင်များကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ မန္တလေးကို ရောက်လာတဲ့ ရန်ကုန်က သူငယ်ချင်းတွေနဲ့အတူ အရမပူရတဲ့ နာမယ်ကျော် တောင်သမန်အင်းက ဦးပိန်တံတားဘက်ကို ရောက်ခဲ့ပါတယ်။ မယ်ဇယ်ပင်တန်းကို ဖြတ်တိုက်လာတဲ့ လေပြည်လေညှင်းအောက်မှာ ပုစွန်ကြော်၊ ငါးကြော်၊ ပြောင်းဖူးကြော်စားရင်း စကားပြောကြဖို့ ကြံစည်မိကြပါတယ်။ ဦးပိန်တံတားအနောက်ဖက်ကမ်းတစ်လျှောက်ကို ဆိုင်လိုက်ရွေးကြရင်းနဲ့ အကြော်မျိုးစုံဆိုင်လေးနဲ့အတူ သဇင်နွယ် မြန်မာ့ရိုးရာရက်ကန်းအထည်အမျိုးမျိုး ရောင်းချတဲ့ ဆိုင်လေးကို တွေ့လိုက်ရပါတယ်။

Read more...

ဆင်ခြောက်ကောင်ဖိနပ်

User Rating:  / 0

 

          မန္တလေးကဟု ဆိုလိုက်လျှင် နာမယ်ကျော်ကြားတဲ့ ဒေသထွက်ကုန်တွေ အများကြီးကို စဉ်းစားမိကြပါလိမ့်မယ်။ မန္တလေးမှာ အခြေပြုပြီး လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေထဲမှာ နာမယ်ကျော်တွေအများကြီးထွက်ပါတယ်။ မန္တလေးက စားသောက်ဖွယ်ရာတွေ နာမယ်ကျော်သလို နေ့စဉ် သုံးနေရတဲ့ လူသုံးကုန်ပစ္စည်းတွေထဲက လည်း နာမယ်ကျော်တွေ များလှပါတယ်။ နိုင်ငံတကာကို ရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အမြဲတစေ လှမ်းမှာယူနေတဲ့ မန္တလေးထုတ်ပစ္စည်းတွေ ရှိနေပါတယ်။

Read more...

ပုလဲဖြူဆွယ်တာ(ပြင်ဦးလွင်)

User Rating:  / 2

 

          ဒီဇင်ဘာ နံနက်ခင်းရဲ့ ကျုံးဘေးအလှက မန္တလေးသူ၊ မန္တလေးသားများအတွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရင်း အမြဲခံစားရတဲ့ကြည်နူးမှုတစ်ခုပါ။ ဆောင်းအအေး ၀င်ရောက်လာတာနဲ့အမျှ ကျုံးဘေးတစ်လျှောက် နံနက်ပိုင်း လမ်းလျှောက်ကြသူများ များလာကြပါတယ်။ အချို့ကလဲ ကျန်းမာရေးအရ လမ်းလျှောက်၊ အပြေးလေ့ကျင့်ကြသလို အချို့ကတော့ ဆောင်းတွင်းဖက်ရှင် အတွက် လမ်းလျှောက်ကြပြန်ပါတယ်။ နံနက်ခင်း နှင်းဝေေ၀ဖုံးလွှမ်းနေတဲ့အကြားမှာ ဆွယ်တာရောင်စုံနဲ့ လူငယ်အများကို မြင်နိုင်ကြပါတယ်။

 

          ဒီဇင်ဘာနံနက်ခင်းအောက်မှာ ဖက်ရှင်အနေနဲ့ ၀တ်ကြသလို မန္တလေးဆောင်းရဲ့အအေးကြောင့်လဲ ဆွယ်တာ ၀တ်ကြရပါတယ်။ တချိန်ကတော့ တောင်ကြီးဘက်က ဆွယ်တာတွေ အထွက်များခဲ့ပါတယ်။ အခုတော့ တောင်ကြီးထက် ပြင်ဦးလွင်ဆွယ်တာကသာ တစ်နိုင်ငံလုံးသာမက ပြည်ပအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြင်ဦးလွင်ရောက်လို့ မန္တလေး-လားရှိုးလမ်းမကြီးအတိုင်းသွားခဲ့ရင် ဈေးနားအရောက် ဆွယ်တာဆိုင်တွေ ကို တွေ့ရမှာပဲဖြစ်ပါတယ်။

Read more...

D & G Food Centre

User Rating:  / 0

              ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေရာဒေသ၊ တိုင်းရင်းသားမျိုးနွယ်ကိုလိုက်ပြီး စားသောက်ပုံ၊ ၀တ်စားဆင်ယင်ပုံနဲ့ ဓလေ့အယူအဆကတော့ အမျိုးမျိုးဖြစ်နေပါတယ်။ နေရာဒေသအစုံမှာ ကိုယ့်နယ်နဲ့ကိုယ် ဒေသထွက်စားသောက်စရာတွေ၊ ထူးခြားတဲ့စားသောက်စရာတွေ ပေါများလှပါတယ်။ မြန်မာပြည်တွင်းတင်မကပါဘူး နိုင်ငံရပ်ခြားဒေသ များမှာလည်း သူ့ဒေသနဲ့သူ ထူးခြားတဲ့ စားသောက်ဖွယ်ရာတွေ ရှိနေပါတယ်။

          မြန်မာတွေ ပြောလေ့ရှိကြပါတယ်။ မန္တလေးက စကား၊ မော်လမြိုင်က အစားတဲ့။ မန္တလေးသူ၊ မန္တလေးသားတွေက ယဉ်ကျေးချိုသာပြီး စကားပြောကောင်းကြသလို မော်လမြိုင်မြို့ကလဲ အစားကောင်းပါသတဲ့။ ဒါပေမယ့် မန္တလေးမြို့အကြောင်း တကယ်သိသူများကတော့ မန္တလေးကို စားသောက်ဖွယ်ရာ အစုံရှိတဲ့မြို့လို့ ဆိုကြပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အလယ်မှာ တည်ရှိပြီး အရှေ့၊ နောက်၊ တောင်၊ မြောက်က ဒေသအလိုက် အစားအစာတွေက မန္တလေးမှာ အကုန်ရှိလို့နေပါတယ်။ ဘယ်ဒေသက အစားအစာကို စားချင်ချင် မန္တလေးမှာ ရနိုင်ပါတယ်။

Read more...

Anakku Baby Products

User Rating:  / 0

            ဆိုက်ကလုန်း ဂီရိရဲ့ ခြိမ်းခြောက်မှုကြားထဲကနေ မန္တလေးမြို့မှာ သီတင်းကျွတ်လပြည့်နေ့ကို ကျော်ဖြတ်ခဲ့ကြပါတယ်။ သီတင်းကျွတ်အထူးအစီအစဉ်တွေနဲ့အတူ မန္တလေးမှာ ဈေးရောင်းပွဲတွေ၊ အထူးဈေးရောင်းပွဲတွေနဲ့ ဈေးနှုန်းတွေ အပြိုင်အဆိုင်ချပြီး ရောင်းချနေကြပါတယ်။ ပစ္စည်းမျိုးစုံကို အထူးအရောင်းမြှင့်တင်နေကြတော့ ၀ယ်သူများအတွက်ကတော့ အခွင့်ကောင်းဖြစ်ခဲ့ပါတယ်။ ဂီရိရဲ့ သတင်းကြောင့် လပြည့်နေ့မှာ အပြင်ထွက်ဈေးဝယ်မယ့်သူတွေ နည်းနည်းတော့ တွန့်နေကြပါတယ်။

            မန္တလေးသူ၊ မန္တလေးသားတွေဆိုတော့ မုန်တိုင်းလဲ မကြုံဘူး၊ အတွေ့အကြုံမရှိတော့ ကြောက်သင့်သလောက် သိပ်မကြောက်ကြပါဘူး။ အပြင်ထွက်သူအချို့တော့ ရှိနေဆဲပါ။ မုန်တိုင်းက ညနေပိုင်းမှာ ပျက်ပြယ်သွားတော့ ညပိုင်းမှာ ပြန်လည်စည်ကားနေပါတယ်။ လပြည့်ကျော်တစ်ရက်နေ့မှာတော့ လပြည့်နေ့က မလည်ရလို့ 78 Shopping Mall ကို ရောက်ခဲ့ပါတယ်။ ကလေးငယ်လေးတွေ ရှိုးအပြည့်နဲ့ အောက်မှာ တွေ့နေရလို့ လေ့လာကြည့်လိုက်တော့ Anakku Baby Products ရဲ့ ကလေးငယ်များအတွက် ရင်ခုန်ပျော်ရွှင်ဖွယ်ရာပြိုင်ပွဲများနှင့် သီတင်းကျွတ်အထူးဈေးရောင်းပွဲတော်ကို ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပနေတာ သိလိုက်ရပါတယ်။

Read more...

Happy Store

User Rating:  / 0

၂၀၁၀ ပြည့်နှစ်က နှုတ်ဆက်ကာ ၂၀၁၁ ခုနှစ်သို့ မကြာမီ ကူးပြောင်းရောက်ရှိပါတော့မယ်။ ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်နေ့ နဲ့ New Year မရောက်မီကတည်းက မန္တလေး တစ်မြို့လုံးလည်း ခရစ္စမတ်အထူးလျော့ဈေး၊ New Year အထူးဈေးရောင်းပွဲတွေနဲ့ စည်ကားလို့နေပါတယ်။ ဆောင်းညများကလည်း အေးမြလာပြီမို့ ခရစ္စမတ်ညကို မျှော်တွေးပြီး ပြင်ဆင်နေကြပါပြီ။ ပွဲတော်အလိုက် ရောင်းချကြတဲ့ ပစ္စည်းများနဲ့အတူ အထူးလျော့ဈေးတွေ၊ နှစ်ကုန်အထူးရောင်းချပွဲတွေကလည်း ဈေးဝယ်များအတွက် အခွင့်အလမ်းဖြစ်နေပါတယ်။ ခရစ္စမတ်ကာအတွက် ခရစ္စမတ် အလှဆင်ဖို့ ပစ္စည်းများနဲ့အတူ ခရစ္စမတ်လက်ဆောင်တွေ၊ နှစ်သစ်လက်ဆောင်တွေပေးဖို့ကိုလည်း ပြင်ဆင်နေကြပါပြီ။


လက်ဆောင်ဝယ်မယ်ဆိုရင်


    လက်ဆောင်ပေးတော့မယ်၊ မင်္ဂလာလက်ဖွဲ့ပေးရတော့မယ်၊ မွေးနေ့ လက်ဆောင်ပေးရတော့မယ်ဆိုရင် အမှန်တကယ် ခေါင်းခြောက်ရပါတယ်။ ကိုယ်တတ်နိုင်တာနဲ့ လှပအဆင်ပြေတဲ့ ပစ္စည်းတစ်ခုရဖို့က တော်တော့ကို စဉ်းစားယူရတာပါ။ ကိုယ်တတ်နိုင်တာကျတော့ မလှ၊ အဆင်မပြေ၊ ကိုယ်ကြိုက်ပြီး ပေးဖို့ ကောင်းတာကျ ကိုယ်က မတတ်နိုင်နဲ့ အင်မတန် ဒုက္ခရောက်ကြရဖူးမှာပါ။ လူငယ်များအတွက်ကျတော့လည်း ကိုယ့်သက်ဆိုင်သူအတွက် ထူးထူးခြားခြား၊ လှလှပပလေး ဖြစ်ဖို့ တော်တော် ရှာယူကြရပါတယ်။ ဖန်စီလည်းဖြစ်၊ ထူးလဲထူးခြား၊ သက်ဆိုင်သူလည်း ကျေနပ်စေရမယ့် လက်ဆောင်လေးရဖို့ အချိန်တွေအများကြီး အကုန်ခံနေရပါတယ်။ ဒါတောင် သက်ဆိုင်သူက ကျေနပ်ချင်မှ ကျေနပ်ပါလိမ့်မယ်။

Read more...

Shadow Digital Printing House

User Rating:  / 0

မန္တလေးမြို့တော်ကြီးသည် တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက် စည်ပင်တိုးတက်လျက်ရှိလေသည်။ မန္တလေးမှသည် တရုတ်နယ်စပ်သို့ တိုက်ရိုက်လမ်းပေါက်လျက်ရှိရာ တရုတ်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းအသစ်အဆန်းများက မန္တလေးမြို့တွင် အများဆုံးရောက်ရှိလျက်ရှိသည်။

 

ဝင်လာမစဲ တသဲသဲ

 

အီလက်ထရောနစ်ပစ္စည်းမျိုးစုံကို တံဆိပ်မျိုးစုံဖြင့် အမျိုးမျိုးတွေ့နိုင်သည်။ အခြားသော လူ့အသုံးအဆောင်ပစ္စည်းမျိုးစုံကိုလည်း အများအပြားတွေ့ရသည်။ သီးနှံမျိုးစုံကအစ တရုတ်ဘက်က အ၀င်များရှိလာသည်။ ပစ္စည်းမျိုးစုံ ရောက်ရှိလာခြင်းဖြင့် ပစ္စည်းများဈေးနှုန်းကျဆင်းလာကြသည်။ ဈေးနှုန်းကျဆင်းလာသော်လည်း အရည်အသွေး မပြည့်မီသည်များလည်းရှိသောကြောင့် တရုတ်ပစ္စည်းအသုံးပြုရသူများအတွက် ကံစမ်းမဲ နှိုက်ရနေရသည်။

 

 

Read more...

Additional information