ရီရှင်း အလှကုန်

User Rating:  / 0
PoorBest 

            မန္တလေးမြို့တော်အတွင်းမှာ စည်ပင်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြောင်းလဲမှုတွေက များပြားလှပါတယ်။ ဘယ်လိုပဲ ပြောင်းလဲပါစေ မပြောင်းမလဲ တည်ရှိတာကတော့ မိန်းမသားတို့အဖို့ အလှပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ ရှေးယခင် တော်ဝင်နန်းသုံးမိန်းမသားတို့အတွက် အလှပြင်ပစ္စည်းများက မများပါဘူး။ သဘာဝ နံ့သာများကို အခြေခံပြီး သုံးစွဲလာရာက ခေတ်အဆက်ဆက်မှာ တိုးတက်များပြားလာပါတော့တယ်။ အခုအချိန်မှာတော့ အမျိုးသမီးများအတွက် အလှပြင်ပစ္စည်းများကတော့ ဆံဖျားမှ ခြေဖ၀ါးအထိ အမျိုးအစား စုံလင်လှပါတယ်။ အမျိုးအစားစုံလင်သလို တံဆိပ်တွေကလဲ မျိုးစုံပါ၊ နေ့သုံး၊ ညသုံးနဲ့ အချိန်ကာလအလိုက် အသုံးပြုရတာတွေကလဲ မျိုးစုံလှပါတယ်။ ဒီလို အမျိုးစုံ၊ အမယ်စုံကို တစ်နေရာထဲမှာ စုစည်းပေးထားတဲ့ နေရာလေး တစ်ခု မန္တလေးမှာ ရှိပါတယ်။ အဲဒါကတော့ ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre ) ပဲ ဖြစ်ပါတယ်။

လက်ကားဈေးနှင့် လက်လီရောင်းချ

            ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre )ကို မန္တလေးမြို့ လမ်း၈၀၊ ၃၂လမ်းနဲ့ ၃၃လမ်းကြားမှာ Show Room အဖြစ် ဖွင့်လှစ်ထားရှိပါတယ်။ မန္တလေးဈေးချိုတော် A ရုံ(စပယ်ရုံ)၊ မြေညီထပ် ဆိုင်အမှတ် ၅၈နှင့်၆၀မှာလည်း လက်ကားဝယ်ယူမည့် ဖောက်သည်များအတွက် အဓိက ထားပြီး ဖွင့်လှစ်ထားရှိပါတယ်။ ရီရှင်းအလှကုန်ရဲ့ Show Room က အလှကုန်များကို သီးသန့် ရောင်းချပေးတဲ့ နေရာတစ်ခုပါ။ လက်လီ ပစ္စည်းများကို လက်ကား ဈေးနှုန်းအတိုင်း ရောင်းချပေးတာမို့ ၀ယ်ယူသူများအတွက် ပစ္စည်းမှန် ဈေးမှန် ရနိုင်တဲ့ နေရာ တစ်ခုပါပဲ။

 

            ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre) ကို ငါးထပ်အဆောက်အအုံအတွင်း ပထမထပ်နဲ့ ဒုတိယထပ်များမှာ ခင်းကျင်းရောင်းချပေးလျက်ရှိပါတယ်။ တတိယထပ်ကိုတော့ လူ၁၀၀ကျော်ဆံ့တဲ့ ပရိုမိုးရှင်းဧရိယာအဖြစ် ဖန်တီးပေးထားတာမို့ အလှကုန် ကုမ္ပဏီများအနေနဲ့ အခမဲ့ ပရိုမိုးရှင်းပွဲလုပ်နိုင်တယ်လို့ သိရပါတယ်။ ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre )ရဲ့ ထူးခြားချက်ကတော့ ရောင်းချတဲ့ အလှကုန်များအပေါ်မှာ လျော့ဈေး၊ ဒစ်စကောင့်၊ မန်ဘာကဒ် စတာတွေ ပြုလုပ်မထားခြင်းဘဲ ဖြစ်ပါတယ်။ လျော့ဈေးမပေးဘူးလို့ မတွေးလိုက်ပါနဲ့။ လက်ကားဈေးနဲ့ တစ်ခုချင်း လက်လီ ၀ယ်တဲ့သူတွေကို ရောင်းချပေးနေတာမို့ အသက်သာဆုံးဈေးနဲ့ ရောင်းထားတဲ့ ပစ္စည်းများအပေါ်မှာ ထပ်ပြီး လျော့လို့ မရတော့တာမို့ လျော့ဈေးမလုပ်တာပါတဲ့။ ဒါပေမယ့် အလှကုန်ပစ္စည်းကုမ္ပဏီများရဲ့ ကောင်တာအလိုက်ပေးတဲ့ လက်ဆောင်ပေးခြင်း၊ ဈေးသက်သာစေတဲ့ အစီအစဉ်များကတော့ ခံစားခွင့်ရရှိနိုင်ပါတယ်။

ယုံကြည်မှုကို သစ္စာရှိစွာ ပေးဆပ်

            ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre)ရဲ့ အဓိက လက်ကိုင်ထားတာက ယုံကြည်မှုကို သစ္စာရှိစွာ ပေးဆပ်ပါမည် ဆိုတဲ့ ဆောင်ပုဒ်ပါ။ ၁၉၇၇ခုနှစ်က ၇၉လမ်း၊ တရုတ်တန်းဈေးမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဆိုင်ဖွင့်စက ပိုင်ရှင်ဖြစ်တဲ့ ကိုရီရှင်းက သူ့အမည်ကိုပဲ ဆိုင်နာမယ်ပေးလိုက်တော့ ရီရှင်းအလှကုန်ရယ်လို့ မန္တလေးမှာ ထင်ရှားခဲ့တာ နှစ်ပေါင်း ၃၀ကျော်နေပါပြီ။ ကိုယ့်ဆိုင်ကို ယုံကြည်စွာနဲ့ လာရောက်ဝယ်ယူတဲ့ ဈေးဝယ်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ကန်စွာနဲ့ မှန်မှန်ကန်ကန် သစ္စာရှိရှိ ပြန်လည် ကျေးဇူးတုံ့ပြန်ပေးဆပ်နေတာကို နှစ်ပေါင်း ၃၀ အတွင်း တိုးတက်များပြားလာတဲ့ ဖောက်သည်များက သက်သေတည်နေပါတယ်။

ရင်အေးဖွယ်

            ဆိုင်အတွင်း သေချာစနစ်တကျ ပြင်ဆင်ထားသလို ၀န်ထမ်းများကိုလည်း ဈေးဝယ်သူများနဲ့ ဆက်ဆံနည်း၊ အလှအပရေးရာဆိုင်ရာ သင်ခန်းစာများ၊ တကိုယ်ရည်သန့်ရှင်း ကျန်းမာရေး စတဲ့ ပညာရပ်တွေကိုလည်း သက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာ၊ ဆရာမများကို ဖိတ်ခေါ်ပြီး အစဉ်အမြဲ သင်တန်းပေးလျက်ရှိပါတယ်။ မန္တလေးမှာက မိတ်ရရှိဖို့ အရေးကြီးတာမို့ ကိုယ့်ဖောက်သည်များကို မိတ်မပျက်အောင် အမြဲ ဂရုတစိုက် ဆက်ဆံပါတယ်လို့ သိရပါတယ်။ အပြောနဲ့အညီပဲ ဆိုင်ထဲကို ၀င်လိုက်တာနဲ့ လှပသပ်ရပ်ကျော့ရှင်းတဲ့ ၀န်ထမ်းများရဲ့  ချိုသာတဲ့ ဆက်ဆံရေးက ရင်အေးစရာပါ။

ပစ္စည်းအစုံအလင်

            ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre)မှာ အလှကုန် ကုမ္ပဏီများက လာရောက်ပြီး ကောင်တာများဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်။ NIVEA, Popa, Police, Aphrodite, Pyno care, C Care, Ginvera, Lolane, Rothto, Avon, Babimild, Follow Me, KMA, Bsc, Paul Mitchell, Presis, Coreana, Revlon, VOV, Schwarzkopf, julia, Now How, SHEENe စတဲ့ အလှကုန် ကုမ္ပဏီများရဲ့ ထုတ်ကုန်ပစ္စည်းအစုံအလင်ကို ခင်းကျင်းပြသထားပါတယ်။ ကောင်တာတစ်ခုချင်းအလိုက် သိလိုသမျှကို ရှင်းလင်းပြသကြပြီး မိမိနှစ်သက်ရာ အလှကုန်များကို ရွေးချယ်နိုင်ပါတယ်။

            အမျိုးသမီးများအတွက် Wacoal, Wullastri တံဆိပ် အတွင်းခံများကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဒါအပြင် CHANEL, LANCOME, Calin Klein, DKNY, Dior, ESTEE LAUDER, CLNIQUE, GUCCI စတဲ့ လက်ကိုင်အိတ်မျိုးစုံကိုလည်း ပြသရောင်းချလျက်ရှိပါတယ်။ ပျိုမေတို့ စိတ်ကြိုက် ဖန်စီများကိုလည်း ရောင်းချပေးနေတာမို့ အလှကုန်ပစ္စည်းမျိုးစုံကို တစ်နေရာထဲမှာ အစုံအလင် စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားတို့အတွက်ပါရှိ

            ပျိုမေတို့အတွက် အလှကုန်ပစ္စည်းများကိုသာ ခင်းကျင်းပြသထားတာမဟုတ်ဘဲ အမျိုးသားများ အသုံးပြုနိုင်သော တစ်ကိုယ်ရေသုံး ပစ္စည်းမျိုးစုံကိုလည်း ခင်းကျင်းပြသ ရောင်းချလျက်ရှိပါတယ်။ ဆံပင်မှ ခြေဖ၀ါးအထိ အမျိုးသား၊ အမျိုးသမီးတို့အတွက် အလှအပရေးရာ အစုံအလင်ကို ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre) တစ်နေရာထဲမှာ ရရှိနိုင်တာဖြစ်ပါတယ်။

အလှကုန်သီးသန့် အရောင်းဆိုင်

            ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ လူငယ်တွေက အသားအရေထိန်းသိမ်းဖို့ သိလာကြပါတယ်။ မိန်းကလေးများသာမက ယောင်္ကျားလေးများကလဲ အသားအရေ ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာ သိလာတာနဲ့အမျှ အလှကုန်လိုအပ်ချက်က တိုးတိုးလာပါတယ်။ အလှကုန်ကုမ္ပဏီများကလည်း အပြိုင်အဆိုင်ရောင်းနေကြတာကို မြင်တွေ့ကြရမှာပါ။ ဘယ်နေရာမှ ဖြစ်ဖြစ် လိုအပ်တဲ့ အလှကုန်ပစ္စည်းကို တံဆိပ်စုံ၊ အမျိုးအစားစုံ တစ်နေရာထဲ စုစည်းပေးထားတဲ့ အလှကုန်သီးသန့် အရောင်းဆိုင်က လိုအပ်နေတာပဲဖြစ်ပါတယ်။ ဒီလို လိုအပ်နေတဲ့ လိုအပ်ချက်ကို ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre)က မန္တလေးမြို့အတွက် ဖြည့်ဆည်းထားတယ်ဆိုရင်လဲ မမှားပါဘူး။  အလှကုန်ကုမ္ပဏီများရဲ့ ပရိုမိုးရှင်းပွဲများကလည်း အမြဲမပြတ် ရှိနေတာကိုလဲ တွေ့ရပါတယ်။

            ဒီတော့ မန္တလေးမှာ ကိုယ့်ရဲ့ ဆံဖျားက ခြေဖ၀ါးအထိ အလှအပရေးရာအတွက် ရတက်မအေးရသူများအဖို့ ရီရှင်း အလှကုန် (Yi Shinn Cosmetics Centre)ကို တစ်ခါတစ်ခေါက် အရောက်သွားခဲ့ရင်ဖြင့် စိတ်ကျေနပ်မှုများနဲ့ပြည့်စုံသွားပြီး မိမိကိုယ်မိမိ အလှအပတွက် ယုံကြည်မှု ခိုင်မာနေမှာဖြစ်ပါတော့တယ်။

Additional information