Blazon Department Store

User Rating:  / 0
PoorBest 

မန္တလေးမြို့တော်အား မင်းတုန်းမင်းတရားကြီးက တည်ထောင်ဖွဲ့စည်းရာတွင် မြို့ပြတည်ဆောက်မှု အဖြစ်လေးထောင့်ကွက်ကျကျ တည်ဆောက်ထားရှိသည်။ လေးထောင့် အကွက်ကျကျ တည်သောကြောင့် အရှေ့အနောက် လမ်းမများနှင့် တောင်မြောက်လမ်းမများဟူ၍ ရှိနေပေသည်။ မန္တလေးမြို့ခံများက နေရပ်လိပ်စာ ပြောကြားသည့်အခါ လမ်းနံပါတ်များနှင့် အတိအကျ ညွှန်းဆိုပြောနိုင်ကြပေသည်။

 

          ထို့အပြင် နန်းမြို့တော်မှ တည်ရာကို လိုက်၍ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် ဟု ခွဲခြားခေါ်ဆိုကြပြန်သည်။ မန္တလေးမြို့သည် မြောက်ဘက်၊ အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင် မြစ်၊ တောင်တန်းများဖြင့် ကာရံလျက်ရှိရာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တောင်ဘက်သို့ တဖြည်းဖြည်း ချဲ့ထွင်လာခဲ့ကြသည်။ စတင်ဖွဲ့စည်းစကပင် တောင်ပြင်သည် ကျန်အရပ်များထက် ပိုမိုစည်ပင်ခဲ့သည်။ ယခုအခါ မန္တလေးနန်းမြို့မှ တောင်ဘက်သို့ ချဲ့ထွင်လာရာ ပြင်ဦးလွင်မြို့သို့ပင် တစ်ဆက်တည်း ဖြစ်လာတော့မည်ကဲ့သို့ရှိသည်။

 

ဈေးလမ်းမကြီး

 

မန္တလေးနန်းမြို့သည် အရှေ့ဘက် ၆၆လမ်း(တောင်မြောက်)၊ အနောက်ဘက် လမ်း၈၀(တောင်မြောက်) မြောက်ဘက်၁၂လမ်း(အရှေ့အနောက်)နှင့် တောင်ဘက် ၆၆လမ်း(အရှေ့အနောက်)ကြားတွင် တည်ရှိသည်။ ထို့ကြောင့် အဆိုပါလမ်းမများသည် နန်းမြို့ ကျုံးကို ၀န်းရံလျက်ရှိပြီး စည်ကားသည့် လမ်းမကြီးများဖြစ်သည်။ အနောက်ဘက်ရှိ လမ်း၈၀သည် စီးပွားရေးနယ်မြေအဖြစ် တည်ရှိသည်။ လမ်း၈၀ အရှေ့ဘက်တွင် ယခင်က တရုတ်တန်းဈေးတည်ရှိသည်။ လမ်း၈၀ အနောက်ဘက် ၈၄လမ်းတွင် မန္တလေးဈေးချိုတော်တည်ရှိသည်။ ထို့ကြောင့် ၂၆လမ်းမှ လမ်း၄၀အတွင်း လမ်း၈၀ တစ်လျှောက်သည် ဈေးဝယ်ထွက်သူများအတွက် ၀ယ်စရာများပြည့်နေသည့် ဈေးလမ်းမကြီးသဖွယ်ဖြစ်နေပါတော့သည်။

 

ယာဉ်ရပ်နားမှုအခမဲ့စနစ်

 

          အဆိုပါ လမ်း၈၀ဈေးလမ်းကြီးအတွင်း ၂၈လမ်းနှင့်၂၉လမ်းအကြားတွင် ၂၀၀၃ခုနှစ် ဇွန်လ ၈ရက် ကတည်းက ဖွင့်လှစ်ထားရှိသော Blazon Department Store တည်ရှိသည်။ မန္တလေးမြို့တွင် အစောဆုံးဖွင့်လှစ်သည့် စူပါမားကတ်ကြီးဟု တင်စားခေါ်ဆိုနိုင်ပေသည်။ Blazon အား Creation Myanmar Co., Ltd. က စီမံအုပ်ချုပ်ကာ ၁၈၀၀၀စတုရန်းပေအကျယ်အ၀န်းရှိသည်။ Blazon Department Store ၏ ထူးခြားချက်မှာ ပစ္စည်းအစုံအလင်အား အထပ်လေးထပ်တွင် ဆိုင်ခန်းများမဖွဲ့စည်းဘဲ ခန်းမကျယ်ကြီးအတွင်း ခင်းကျင်းရောင်းချထားခြင်းပင်ဖြစ်သည်။

 

          Blazon Department Store တွင် ဈေးဝယ်သူများ စိတ်ချမ်းသာစေရေးအတွက် ယာဉ်ရပ်နားမှု အခမဲ့စနစ်ကို လုံခြုံရေးဝန်ထမ်းများထားရှိကာ စီစဉ်ဆောင်ရွက်ပေးထားသည်။ အဆောက်အအုံထဲ ၀င်လိုက်သည်နှင့် အေးမြလန်းဆန်းပြီး စိတ်ချမ်းမြေ့စွာ ဈေးဝယ်နိုင်ရန် Air Con ဖွင့်ပေးထားသည်။ လအလိုက်၊ ရာသီအလိုက် အထူးဈေးရောင်းပွဲများ ကျင်းပပေးလျက်ရှိသည်။ အထူးဈေးရောင်းပွဲတော်များအလိုက် လှပစွာ ပြင်ဆင်ထားလေ့ရှိရာ ဈေးဝယ်သူများအတွက် အမြင်ထူးခြားဆန်းသစ်စေသည်။

 

ပစ္စည်းစုံလင်

 

          Grand Floor အတွင်း ၀င်ရောက်လိုက်သည်နှင့် အစားအစာမျိုးစုံ၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ အလှကုန်မျိုးစုံနှင့် ကလေးအသုံးအဆောင်များ ခင်းကျင်းပြသထားမှုကို တွေ့မြင်ရမည်ဖြစ်သည်။ ပစ္စည်းများ ကြည့်ရှုဝယ်ယူရင်းပင် လှေကားများအလိုက် သက်တောင့်သက်သာဖြင့် First Floor သို့ ရောက်ရှိသွားသည်။ ရိုးရိုးလှေကားဖြင့်သာ တက်ရောက်ရသော်လည်း ပစ္စည်းအစုံအား ကြည့်ရှုရင်းဖြင့် မသိမသာ အထပ်ပြောင်းရောက်ရှိသွားနိုင်သည်။

 

          First Floor တွင် ယောင်္ကျားဝတ်အ၀တ်အထည်များနှင့် လျှပ်စစ်ပစ္စည်းများကို ခင်းကျင်း ရောင်းချထားသည်။ အမျိုးသားများအတွက် ပုဆိုး၊ ဘောင်းဘီမှအစ အ၀တ်အထည်မျိုးစုံကို အမှတ်တံဆိပ်မျိုးစုံ၊ တန်ဖိုးမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ရရှိနိုင်သည်။ လျှပ်စစ်ပစ္စည်းများကိုလည်း သိလိုသည်များမေးမြန်းနိုင်ရန် ၀န်ထမ်းများက အသင့်စောင့်ကြိုလျက်ရှိသည်။ လိုအပ်ပါက စမ်းသပ်ပြသပေးသည်။

 

မြင်သမျှ လိုချင်စရာ

 

          ပျိုမေတစ်သိုက်ကဖြင့် Second Floor သို့သာ အရောက်လှမ်းကြမည်ဖြစ်သည်။ အမျိုးသမီးဝတ် အ၀တ်အထည်များဖြင့် တစ်ထပ်လုံး ခင်းကျင်းပြသထားရာ ပါလာသမျှ အကုန်ကုန်မည့် အထပ်ပင်ဖြစ်သည်။ ပျိုမေများအတွက် လိုအပ်သမျှ အကုန်ရသည်။ တံဆိပ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံကြောင့် ၀ယ်ယူရန် အရွေးရ ခက်နေကြမည်ဖြစ်သည်။

 

          သား၊သမီးများ၊ တူ၊ တူမများပါလာပါက Third Floor သို့ အပို့ခိုင်းကြမည်ဖြစ်သည်။ အသက်အရွယ်အလိုက် ကစားနိုင်သည့် ကစားစရာပစ္စည်းမျိုးစုံ၊ ကလေးအ၀တ်အထည်မျိုးစုံ၊ ကလေးအသုံးအဆောင်မျိုးစုံအား ခင်းကျင်းပြသထားရာ သားသား၊ မီးမီးများအတွက် မြင်သမျှ လိုချင်စရာဖြစ်နေကြသည်။ မရလျှင် ဂျီကျတတ်သည့် သားသား၊ မီးမီးဆိုပါက Third Floor သို့ မတက်မှသာ အရှက်ကွဲသက်သာပေမလိမ့်မည်။ မြင်မြင်သမျှ ပူဆာပြီး ဂျီကျနေပေတော့မည်။

 

အစဉ်အမြဲ လေ့လာ

 

          Blazon Department Store တစ်ခုလုံးအား လှည့်လည်ကြည့ှ်ုအပြီး ဆိုင်မှ တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ လာရောက်ဝယ်ယူသည့် ဈေးဝယ်သူများအား အစဉ်အမြဲ လေ့လာကာ စိတ်ချမ်းမြေ့မှုရှိစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၀န်ထမ်းအနေဖြင့် ဖော်ရွေသည့်အပြုံး၊ စိတ်ကြည်နူးဖွယ်ဝန်ဆောင်မှုများပေးနိုင်စေရန် အမြဲလေ့ကျင့်ပေးထားပါကြောင်း၊ လာရောက်ဝယ်ယူသည့်အတွက် ဈေးဝယ်သူများအား အမြဲ ကျေးဇူးတင်လျက်ရှိကြောင်း၊ အဝေးနယ်မှ လာရောက်ဝယ်ယူသူများအဆင်ပြေချောမွေ့စေရေးအတွက် လမ်းညွှန်မှုများ ပြုလုပ်သွားရန် အစီအစဉ်ရှိပါကြောင်းဖြင့် ပြောကြားမှုကို ကြားသိခဲ့ရသည်။

 

ပရဟိတ လှူဒါန်း

 

          မကြာမီကပင် Blazon Department Store က ကြီးမှူးပြီး Donate and Win ဆိုသည့် အစီအစဉ်တစ်ခုအား ကျင်းပခဲ့သည်။ Blazon တွင် လာရောက်ဝယ်ယူကြသော Customer များအနေဖြင့် မိမိတို့ အသုံးမလိုသည့် အ၀တ်အထည်ဟောင်းများအား လာရောက်လှူဒါန်းပေးအပ်ပါက ၀ယ်ယူသည့်ပစ္စည်းအား ၁၀ရာခိုင်နှုန်း လျော့ပေးတဲ့ အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ Blazon ၁၀နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်နှင့်မန္တလေး Blazon များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ မန္တလေး Blazon အနေဖြင့် ၂၀၁၀ပြည့်နှစ် သြဂုတ်လ ၈ရက်က ပြင်ဦးလွင်မြိုမျက်မမြင်လူငယ်ကျောင်းနှင့် နာဂစ်မုန်တိုင်းဒဏ်သင့် ကလေးငယ်များအား ပြုစုစောင့်ရှောက်ထားသည့် ဒိုးပင်ပရဟိတဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

 

ဈေးဝယ်သူများ စိတ်ချမ်းမြေ့စေရန် အမြဲ လေ့လာဆောင်ရွက်နေသည့် Blazon Department Store တွင် လူသုံးကုန်ပစ္စည်းမျိုးစုံရရှိပြီး တစ်ခေါက်တစ်ခါ် ဈေးဝယ်ဖူးသူတိုင်းအမှတ်ရနေမည်ဖြစ်ရာ တစ်ခါတစ်ခေါက် ဈေးဝယ်ကြည့်ပါရန် လမ်းညွှန်လိုက်ရပေသည်။

ဓာတ်ပုံ မောင်ဘဦး(မန္တလေး)

Additional information