သြဂုတ်လဖွားများအတွက် အစိမ်းရောင်ရတနာ ပြောင်ခေါင်းစိမ်း

User Rating:  / 0

 

တစ်လပြီးတစ်လ အချိန်တွေက ရွေ့လျားပြောင်းလဲလို့ နေပါပြီ။ မိုးရာသီကို နှုတ်ဆက်မယ့် သြဂုတ်လသို့ ရောက်ရှိလာပြီလေ။ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူတွေက နက္ခတ်ရာသီစက်ဝန်းရဲ့ ၅ ခုမြောက် သိဟ်ရာသီ ဖွားတွေပါ။ မြန်မာလိုလကတော့ ၀ါခေါင်လပေါ့။

 

သြဂုတ်လဖွားတွေက ယောင်္ကျားဆန်တဲ့ စရိုက်ရှိကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သိဟ်ရာသီရဲ့ ကောင်းကင်နက္ခတ် ကြယ်တာရာက ခြင်္သေ့ပုံဖြစ်နေလို့ပါ။ ပုံစံက ရဲရင့်ပြတ်သားကြပေမယ့် နှလုံးသားက အချစ်ကြီးကြတာကတော့ သြဂုတ်လဖွားများပါ။ အချစ်ကို အရှုံးပေးပြီး ချစ်တတ်ကြသူတွေပါ။ အချစ်ကို အရှုံးပေးချစ်တတ်ကြတာကြောင့် အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်နေတတ်ကြပါတယ်။

 

Read more...

ဇူလိုင်ဖွား ပတ္တမြားရတနာ

User Rating:  / 1

ဇူလိုင်ဖွား ပတ္တမြားရတနာ

 ထိပ်တင်အောင်

 International LOOK Magazine July Issue တွင် ဖော်ပြပါရှိတဲ့ ထိပ်တင်အောင် ရေးသားသည့် လအလိုက်အဆောင်ရတနာများအကြောင်းဖြစ်တဲ့ ဇူလိုင်ဖွား ပတ္တမြားရတနာဆိုတဲ့ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်။

 မန္တလာသား

 

 

 

မိုးရေတို့နဲ့ အေးမြတဲ့ ဇူလိုင်လထဲမှာပဲ မွေးဖွားခဲ့တာမို့ မိုးရာသီကို ချစ်မိပါတယ်။ ဇူလိုင်လဖွားဆိုတော့ ကရကဋ်ရာသီ ဖွားတွေလို့ ပြောရမှာပေါ့ ဇွန်လ ၂၂ ရက် ကနေ ဇူလိုင် ၂၂ရက်အတွင်း မွေးဖွားလာသူတွေကို ကရကဋ်ရာသီဖွားလို့ ခေါ်ကြ တယ်လေ။ မြန်မာလ ၀ါဆိုလမှာ မွေးကြတဲ့သူတွေလို့လည်း ပြောလို့ရကြတာပါပဲ။

 

          ဘယ်လိုပဲဖြစ်ဖြစ် ဇူလိုင်လဖွားများကတော့ ဂီတအနုပညာကို ချစ်မြတ်နိုးသူတွေ ဖြစ်နေတတ်ကြပါတယ်။ နောက် အချစ်ကြီးသူတွေပါ။ အလွန်ချစ်တတ်သလောက် အချစ်ကံမကောင်းတတ်ကြ တာ ဇူလိုင်ဖွားများအတွက် စိတ်မကောင်းစရာပါပဲ။ ဇူလိုင်လဖွားများအတွက် ကံကောင်းစေတတ်တဲ့ ရတနာအ ဆောင်တစ်ခု ရှိပါတယ်။ ရတနာအဖြစ် ၀တ်ဆင်ထားလို့ရသလို အဆောင်အဖြစ်လည်း ဆောင်ထားလို့ အဆင်ပြေစေပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး နှစ်သက်တတ်ကြတဲ့ ရတနာပါ။ မြန်မာတို့အတွက်တော့ ဂုဏ်ယူဖွယ် ရတနာလည်းဖြစ်ပါတယ်။ ပြည်တန်ပတ္တမြားရယ်လို့ တန်ဖိုးထား သတ်မှတ်ရတဲ့ ပတ္တမြားရတနာက ဇူလိုင်လဖွားတွေရဲ့ အဆောင်ရတနာပါ။

Read more...

Additional information