ပြိဿရာသီဖွား

User Rating:  / 70

 

ပြိဿရာသီဖွားများ

 

(မည်သည့်နှစ်မဆို ဧပြီ ၂၁ရက်မှ မေ ၂၁ရက်အတွင်းမွေးဖွားသူများ၊ မြန်မာလ ကဆုန်လ မွေးဖွားသူများ)

 

ပြိဿရာသီဖွားများ၏ ပင်ကိုယ်စရိုက် သဘာဝနှင့် အကျင့်လက္ခဏာများ

 

ပြိဿရာသီဖွားများသည် တည်ကြည်အေးဆေးသူများဖြစ်သည်။ ဖြောင့်မတ်၏။ အလွန်သစ္စာရှိ၏။ ထို့ပြင် အလွန်သံယောဇဉ်ကြီးမားတတ်ကြ၏။ အနုပညာပါရမီဓါတ်ခံကြီး၏။ အလွန် ညှို့ဓါတ်အားကောင်း၏။ တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်၏။ ဘေးလူတွေကချစ်ခင်၏။ စန်းပွင့်၏။ အလှအပ၊ အသန့်အပြန့်ကြိုက်၏။ စိတ်ကူးယဉ်တတ်၏။ အထူးသဖြင့် ပြိဿရာသီဖွားများသည် ဘ၀တွင် ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေအထားများကို များစွာကြုံခဲ့တတ်ကြပေ၏။ အလွမ်းဓါတ်ခံရှိ၏။ လူပေါင်းဆန့်၏။ အကောင်းကြိုက်၏။ ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏။ ငွေအသုံးကြမ်း၏။ ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်၏။ နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက်အောင် ကမူးရှူးထိုးလုပ်တတ်၏။ ရဲရင့်တည်ကြည်၍ ထက်မြက်၏။

Read more...

မိဿရာသီဖွား

User Rating:  / 137

 

မိဿရာသီဖွားများ

 

(မည်သည့်နှစ်မဆို မတ် ၂၁ရက်မှ ဧပြီ ၂၀ရက်အတွင်းမွေးဖွားသူများ၊ မြန်မာလ တန်ခူးလ မွေးဖွားသူများ)

 

 

 

နက္ခတ်ရာသီ (၁၂)ပါးအနက် ပထမဦးဆုံးသော ရာသီခွင်ဖြစ်သည်။ ကြယ်များသည် တောင်ဆိတ်တစ်ကောင် ပုံပေါ်ထွန်သည့် ရာသီဖြစ်သည်။

 

ဤရာသီခွင်အား အင်္ဂါဂြိုလ်က စိုးမိုးထားသည်။ ဓာတ်သဘာဝအရ တေဇောဓာတ်(မီးဓာတ်)ကြီးစိုးသည်။

 

 

 

ပင်ကိုစရိုက်သဘာဝ

 

မိဿရာသီဖွားအများစုတို့သည် ပင်ကိုယ်စိတ်ဓာတ်အနေဖြင့် အလွန်သဘောထားကြီးတတ်ကြသည်။ လွတ်လပ်ပေါ့ပါးစွာ နေတတ်သည်။ အမြဲ ကြည်လင် အေးချမ်းစွာနေပြီး ပြုံးပျော်ရွှင်မြူးစွာ ပြောဆိုနေတတ်ကြသည်။ ဖြတ်ထိုးဥာဏ်ကောင်းသည်။ ဟာသဥာဏ်ရွှင်သည်။ အပေါ်ယံအားဖြင့် ဘာမှ အလေးမထားသကဲ့သို့ ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာ အသွင်နေတတ်သည်။ အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာ လုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အရေးကြုံသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာတာဝန်ယူလုပ်ကိုင်နိုင်စွမ်းကြသည်။ ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျက် မထင်မရှားသာနေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိ။ ပညာလက်သည်းဝှက် နေတတ်ကြသည်။

Read more...

Additional information