ဆေးလိပ်ဖြတ်ပွဲ လမ်း၃၀ဆေးခန်းမှာ လုပ်မယ်

User Rating:  / 0
PoorBest 

ဆရာကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း(အသည်းအထူးကု) ဦးစီး ကျင်းပတဲ့ အဋ္ဌမအကြိမ် ဆေးလိပ်ဖြတ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ လမ်း၃၀ ဆေးခန်းမှာ ၁၀-၁၂-၂၀၁၁ စနေနေ့ မွန်းတည့် ၁၂ နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆေးလိပ်ပါဝင်ဖြတ်လိုသူများအနေနဲ့ ဖုန်း ၀၁-၃၇၁၆၁၁၊ ၂၄၆၁၇၇ သို့ ဆက်သွယ်ကာ အမည်စာရင်းပေးပို့ရမှာဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပွဲအပြီးမှာ လူထုကျန်းမာရေး ပညာပေးဆွေးနွေးဟောပြောပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

 

ဆရာကြီး ဦးခင်မောင်ဝင်း(အသည်းအထူးကု)က အစားအသောက်မှ ကူးစက်သည့် ကြောက်မက်ဖွယ်ရာ အီးကိုလိုင်(E.coli) ကူးစက်ရောဂါအကြောင်း သိကောင်းစရာ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

ဆရာကြီးကိုယ်တိုင် မကြာခင်က အဆိုပါ ရောဂါဝေဒနာကို ခံစားရပြီး သက်သာပျောက်ကင်းအောင် ကုသပေးတဲ့သူများကို ကျေးဇူးတင်ဂုဏ်ပြုလွှာ သတင်းစာမှာ ဖော်ပြခဲ့ပါသေးတယ်။

ဆေးလိပ်က ကျန်းမာရေးအတွက် ဆိုးကျိုးပေးတယ်ဆိုတာ သိမြင်ပြီး ဆေးလိပ်ဖြတ်လိုသူများနဲ့ ကျန်းမာရေးသုတ ရရှိလိုသူများအတွက် သွားရောက်သင့်တဲ့ ပွဲလေးအဖြစ် ရည်ညွှန်းလိုက်ရပါတယ်။

 

Additional information