အသင့်တော်ဆုံး ဒေါက်မြင့်ဖိနပ် ဘယ်လိုရွေးမှာလဲ
- Details
- Category: အလှအပ ရေးရာ
- Published on Wednesday, 23 November 2011 07:05
- Written by မန္တလာသား
- Hits: 160
အသင့်တော်ဆုံး ဒေါက်မြင့်ဖိနပ် ဘယ်လိုရွေးမှာလဲ
ဒေါက်မြင့်ဖိနပ်ကို စီးရတဲ့ကောင်းကျိုးတွေက ခြေလှမ်းတိုင်းဟာ စတိုင်ကျနေပြီး သင့်အရပ်ဟာ နဂိုထက် ပိုရှည်သွားကာ ကြည့်ကောင်းစေပါတယ်။ ခန္ဓာကိုယ် ကိုလည်း သွယ်သွားသလို ထင်ရစေပါတယ်။ ဒါပေမဲ့ တချို့အမျိုးသမီးတွေမှာတော့ ခြေသန်းထိပ်က ခြေသည်းခွံတွေ မည်းနက်လာတာမျိုး၊ ခြေဖဝါးတွေ ကျိန်းတာမျိုးနဲ့ ခြေထောက်အမာရွတ် အညိုအမည်းစွဲတာမျိုးတွေ ကြုံတွေ့လာ ရတာကြောင့် အခက်တွေ့ကြရပါတယ်။ သင့်အတွက် မှန်ကန်တဲ့ ဒေါက်မြင့်ဖိနပ်ရွေးဖို့ဆိုရင် ဖိနပ်စတင်ဝယ်တဲ့ အချိန်ကစရမှာပါ။
ဒေါက်မြင့်ဖိနပ် ဝယ်မယ်ဆိုရင် သင်အရင်က ဝတ်ဆင်ခဲ့တဲ့ ဖိနပ်အရွယ်အစားအတိုင်း ပြောပြီး ဘယ်တော့မှ မဝယ်ပါနဲ့။ သင့်အသက်အရွယ်နဲ့အမျှ သင့်ခြေထောက် အနေအထားနဲ့ အရွယ်အစားဟာ အများကြီး မပြောင်းလဲရင်တောင် အနည်းငယ်တော့ ကြီးလာမှာပါ။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်ဆိုရင် ခြေထောက်အရွယ်အစား ပိုပြီးကွာခြားနေတတ်ပါတယ်။ ဒါကြောင့် ဖိနပ်ဝယ်တိုင်း သင့်ခြေထောက်နဲ့တိုင်းပြီး ဝယ်ဖို့လိုပါတယ်။




