The Voice Journal Vol.5, No.38 စာမျက်နှာ ၂၄တွင်ဖော်ပြထားသော“ ချိုမွှေး” ရေးသားသည့် “ဘ၀တွက်တာ အ၀တ်မလျှော်တတ်တာ ရှက်စရာ” ဟူသည့်ဖော်ပြချက်အား ဗဟုသုတ တိုးပွားရန်အလို့ငှာ ကူးယူဖော်ပြလိုက်ရပါတယ်။
ဘ၀တွက်တာ အ၀တ်မလျှော်တတ်တာ ရှက်စရာ
ကျူရှင်သွားခါနီးတဲ့ သီဟဇော်ဟာ ပျာယာတွေ ခတ်နေတယ်။ သူကြိုက်တဲ့ရှပ်အင်္ကျီက အိမ်အကူမလေးနယ်ပြန်
သွားလို့ မလျှော်ရသေးဘူး။ မနေ့က တိရစ္ဆာန်ရုံသွားတော့ ရိုလာကိုစတာစီးတာ မတော်တဆပြေးလမ်းနဲ့ သူ့ရဲ့ ဘောင်းဘီထိမိပြီး ဆီတွေ စွန်းလာတယ်။ ရုံးမှာ အရာရှိကြီးဖြစ်တဲ့ သူ့မေမေက အလုပ်သိပ်များတော့ လောလောဆယ် သူ့အ၀တ်အစားတွေကို မလျှော်ပေးနိုင်သေးဘူး။ အထက်တန်းကျောင်းရောက်နေတဲ့ သီဟဇော်က အ၀တ်မလျှော်တတ်သလို တက္ကသိုလ်ပထမနှစ်တက်နေ့တဲ့သူ့အစ်မမအေးသီရိဇော်ကလည်း မလျှော်တတ်ဘူး။ ဒီတော့ အ၀တ်လျှော်
ပေးနိုင်တဲ့သူတစ်ယောက်ယောက် သူတို့ အိမ်ကို ရောက်မလာမချင်း သူတို့ ဒုက္ခရောက်နေကြဦးမှာ။
သီဟဇော်ရဲ့ သူငယ်ချင်းညီညီတို့အိမ်မှာကတော့ ညီအစ်ကို သုံးယောက်ရှိတာ သုံးယောက်စလုံး ကိုယ့်အ၀တ်ကိုယ်လျှော်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ညီညီရဲ့ အစ်ကိုအကြီးဆုံးက နိုင်ငံခြားမှာ ကျောင်းတက်တုန်းက သူ့အ၀တ်သူလျှော်ဝတ်ရလို့ဖြစ်ပြီး အစ်ကိုလတ်ကလည်း သင်္ဘောသားဖြစ်တော့ အနည်းဆုံးသူ့အ၀တ်သူစက်ထဲထည့်ပြီး လျှော်တတ်လှန်းတတ်တယ်။ သူတို့တွေက လျှော်ပြီး မီးပူတိုက်တဲ့အထိ သူ့အမေ ဘာမှပြန်ကြည့်စရာမလိုအောင် စနစ်သိပ်ကျတယ။် သူတို့မေမေက သူတို့ကို အ၀တ်အစားလျှော်နည်းကို ငယ်ငယ်ကတည်း
က ဒီလိုပြထားပေးခဲ့သတဲ့။










