MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

BarCamp Yangon

E-mail Print PDF
BarCamp Yangon အဖြစ် နည်းပညာလေ့လာမှုအခွင့်ကောင်းတစ်ရပ်ကို မကြာမီ ရန်ကုန်မြို့မှာ ကျင်းပတော့မှာမို့ အချိန်မီ သိရှိပြီး လာရောက်နိုင်အောင် မျှဝေလိုက်ရပါတယ်။

 အပြည့်အစုံကို ဒီမှာ သွားကြည့်လို့ရပါတယ်။

Barcamp ဆိုတာဘာလည်း?

သမရိုးကျဆွေးနွေးပွဲပုံစံတွေက နေခွဲထုတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင်ဆင်နွှဲနိုင်တဲ့ နည်းပညာ
ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ Web 2.0 ခေတ်မှာ လူတွေ လက်ခံလာတဲ့
ပူးပေါင်းလုပ်ဆောင်ခြင်း Collaboration and Knowledge Sharing ဆိုတာကို
အခြေခံပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင် ဟုတ်သူနဲ့
မဟုတ်သူတွေကြား အသိပညာ ကွာခြားချက်ကို ကျဉ်းမြောင်းလာအောင်
လုပ်ဆောင်ကြတဲ့ Community Activity တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းက
ပြောဆိုနေတာကို ကျန်တဲ့သူတွေက နားထောင်နေရတာမျိုးမဟုတ်ဘဲ ကိုယ်သိတဲ့
ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေကို ကိုယ့်အနေနဲ့လည်း
ဖွင့်ဟပြောဆိုနိုင်တာမို့ လူအများကြီးနဲ့ထိတွေ့ဆက်ဆံနိုင်ခွင့်ကိုလည်း
ရရှိစေမှာပါ။

ဘယ်သူတွေလာကြမလည်း၊ ပါကြမလည်း?

မြန်မာပြည်မှာရှိတဲ့ နည်းပညာကျွမ်းကျင်သူတွေ ၊ ဝါသနာရှင်တွေ အားလုံးစုကြမှာဆိုတော့ သင်လည်းပဲ လက်လွတ်မခံသင့်ပါဘူး။ ဘယ်သူတွေလာမလည်းကြည့်ချင်ရင် Who’s coming ကိုသွားကြည့်လို့ရပါတယ်။

ဘယ်တော့လည်း ဘယ်မှာလည်း ?

MICT Park ၂၃ နဲ့ ၂၄ ဇန်နဝါရီ ၂၀၁၀

အချိန်- နံနက် ၉ နာရီ မှ ညနေ ၅ နာရီ

ဘယ်မှာစာရင်းပေးရမလည်း?

ဒီနေရာမှာ စာရင်းပေးဖို့လိုပါတယ်။ လာတဲ့သူတွေကို နည်းပညာနဲ့ပတ်သတ်တဲ့ လက်ဆောင်လေးတွေ ဝေဦးမှာဆိုတော့ စာရင်းပေးဖို့မမေ့နဲ့နော်။

Barcamp ကိုဘာတွေယူလာရမလည်း?

ကိုယ်ကိုယ်တိုင်လည်း နည်းပညာအသစ်တွေ ကိုယ့်ရဲ့ပစ္စည်းအသစ်တွေကို ဝင်ရောက် မျှဝေနိုင်မှာမို့ ယူလာကြဖို့မမေ့နဲ့နော်။ ပြီးတော့ မြန်မာပြည်မှာ မကြုံဖူးတဲ့ Internet Connection ပေးထားမှာဆိုတော့ ကိုယ့်မှာရှိတဲ့ wireless device တွေအကုန်ယူလာလို့ရပါမယ်။ ဥပမာ ( Notebook, Netbook, 3G Phones, I-Pod, PSP, etc.)Power အတွက်စိတ်ချရအောင် power plug လေးတွေလည်း သယ်လာနိုင်ပါတယ်။

Sponsors

Barcamp Yangon 2010 အတွက် ကူညီထောက်ပံ့ပေးလိုသော Company၊ အဖွဲ့အစည်းများကိုကြိုဆိုပါတယ်။ ရံပုံငွေရှာဖွေရေး (Marketing )အဖွဲ့ သို့ဆက်သွယ်နိုင်ပါတယ်။

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 117
Content : 504
Web Links : 28
Content View Hits : 325664

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

www.ourmandalay.net ၀က်ဆိုဒ်အနေနဲ့  Our Mandalay Media အဖြစ် သတင်းများ ရယူကာ သတင်းဝက်ဆိုဒ်အဖြစ်ပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤ၀က်ဆိုဒ်တွင် သတင်းဖော်ပြလိုပါက mandalarthar @ gmail.com သို့ မေးလ်ပို့ ကာ မိမိတို့ ကျင်းပသည့်ပွဲသို့ ဖိတ်ကြား သတင်းရယူနိုင်ကြောင်းနှင့် ကျင်းပပြီးစီးပါက အဆိုပါမေးလ်သို့ သတင်းပေးပို့နိုင်ပါသည်။ မန္တလေးမြို့တွင်း သတင်းများအား ဦးစားပေးမည်ဖြစ်ပြီး ဖော်ပြသင့်သည့် သတင်းများအား ဖော်ပြပေးသွားပါမည်ဖြစ်ပါကြောင်း ။


Create Your Badge