MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home သတင်းများ ငါးထောင်ကျပ်တန် အောက်တိုဘာ ၁ ရက် စတင်ထုတ်ဝေမည်

ငါးထောင်ကျပ်တန် အောက်တိုဘာ ၁ ရက် စတင်ထုတ်ဝေမည်

E-mail Print PDF

မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက် သ

တင်းကြေညာချက်မှာ  အောက်ပါအတိုင်း  ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်  ဗဟိုဘဏ်မှ ငါး

ထောင်ကျပ်တန် ငွေစက္ကူ  အမျိုးအစားသစ်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့

တွင် စတင်ထုတ်ဝေပါမည်။

ယင်းငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာ

နိုင်ငံတော် ဗဟိုဘဏ်တွင် ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်

များတွင် လည်းကောင်း ထုတ်ပေးပါမည်။ လက်ရှိတရားဝင် လှည့်လည် သုံးစွဲလျက်ရှိသော

ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေအဖြစ်ဆက်လက်တည်ရှိနေ

မည် ဖြစ်ပါသည်။ ငွေစက္ကူသစ်နှင့်ပတ်သက်သည့်အချက်အလက်များမှာအောက်ပါအတိုင်း

ဖြစ်ပါသည်။ ငါးထောင်ကျပ်တန် ငွေစက္ကူ အရွယ်အစားမှာ ၁၅x၇ စင်တီမီတာ နှင့်ပေါ်လွင်

သော အရောင်မှာအနီရောင်ဖြစ်ပါသည်။ မျက်နှာစာဘက် ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော်

ဗဟိုဘဏ်”စာတန်းရိုက်နှိပ်ထားပါသည်။အလယ်ပိုင်းတွင်မြန်မာ့အနုပညာလက်ရာမြောက်

ဆင်ဖြူတော်ပုံနှင့်ငွေစက္ကူတန်ဖိုးကိုဖော်ပြသည့်မြန်မာစာတန်း “ငါးထောင်ကျပ်”တို့ကိုရိုက်

နှိပ်ထားပါသည်။ အောက်ခြေတွင် မြန်မာ့အနုပညာ လက်ရောက်မြောက် ကနုတ်ပန်းခက်

များကို ရိုက်နှိပ်ထားပါသည်။ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကိုဂဏန်းဖြင့် ရိုက်

နှိပ်ထားပါသည်။ ငွေစက္ကူ နံပါတ်ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်ရိုက်နှိပ်ထားပါသည်။

လက်ယာဘက်ပိုင်းတွင် ဆင်ဖြူတော်ပုံရေစာပါရှိပါသည်။ငွေစက္ကူတွင် လုံခြုံရေးကြိုးတစ်

ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။ကျောဘက်ထိပ်ပိုင်းတွင် “CENTRAL BA

-NK OF MYANMAR” စာတန်းကို ရိုက်နှိပ်ထားပါသည်။ အောက်ခြေတွင်  “FIVE THO

-USAND KYATS”  စာတန်းကို  ရိုက်နှိပ်ထားပါသည်။  အလယ်ပိုင်းတွင်  လွှတ်တော်အ

ဆောက်အအုံပုံကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂ

ဏန်းများဖြင့်ရိုက်နှိပ်ထားပါကြောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် မြန်

မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။

 

http://www.khitlunge.net/news/news_detail.aspx?info_id=16292

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305777

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအချက်အလက်နှင့်နည်းပညာဌာနက ဘာသာစကား ၃၆မျိုး ပြောင်းလဲ အသုံးပြုလို့ရတဲ့ offical website တစ်ခုကို မကြာမီ တရားဝင် လွှင့်တင်တော့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အင်တာနက်ဝက်ဆိုဒ်တစ်ခု ဖြစ်ဖို့ ကြိုးစားထားတယ်လို့ ကြားသိရပါတယ်။ မန္တလေးမြို့အကြောင်း သိချင်သမျှ အားလုံး သိဖို့ http://www.goldencity.asia မှာ ကြည့်ရှုလေ့လာနိုင်ပါကြောင်း . . .


Create Your Badge