ကျွန်တော်ဆီကို ကျောက်ပန်းတောင်းသားတစ်ဦး ဆက်သွယ်လာပါတယ်။ သူပြောပြတာကတော့ ကျောက်ပန်းတောင်းသားတွေစုစည်းပြီး လူမှုရေးဆောင်ရွက်ကြမယ်တဲ့ . . .
ကောင်းပါတယ်။
သူကတော့ တစ်တိုင်းထဲ သားချင်းတဲ့ . . .မန္တလေးတိုင်းချင်းတူလို့ ဟုတ်ပါဘူး . . ဘယ်တိုင်း၊ ဘယ်မြို့ဖြစ်ဖြစ် . .
ကိုယ့်မြို့ရွာကို တိုးတက်ရေးဆောင်ရွက်သူများကို ၀မ်းမြောက်စွာ ကူညီရန်အသင့်ပါ . . .
ဒါကြောင့် သူပို့ပေးတဲ့ မေးလ်ကို မျှဝေလိုက်ပါတယ် . . ကျောက်ပန်းတောင်းသားများတွေ့ရှိဆက်သွယ်နိုင်ပါစေဗျာ .. ကိုယ့်အနားမှာ ရှိခဲ့ရင် ပြောပြလိုက်ပါဦးဗျာ . . .
လူသတင်း လူချင်းဆောင်ပေါ့ . . .
အဝေးရောက် ကျောက်ပန်းတောင်းအသင်း
ကျွန်တော် ကျောက်ပန်းတောင်းသား တစ်ယောက်ဖြစ်တယ်။
ကျွန်တော်တို့အနေနဲ့ ကိုယ့်မြို့ကိုယ့်ရွာနဲ့ ဘ၀အခြေနေ အမျိုးမျိုးကြောင့် ခွဲခွါနေကြပါတယ်။ ကျောက်ပန်းတောင်း မြို့သူ၊ မြို့သားများ အနေဖြင့် အလုပ်အကိုင်ကို အမှီပြုလို့ ပြည်တွင်း နှင့် နိုင်ငံရပ်ခြား တိုင်းပြည်များမှာ သွားရောက် အလုပ်လုပ်ကိုင်ရတာ ရှိကြပါတယ်။ မိမိနေထိုင်ရတဲ့ ပါတ်ဝန်းကျင်နဲ့ လှုပ်ရှား ရုန်းကန်ရတဲ့ဒေသ မှာပဲ အမြင်အာရုံနဲ့ အသိစိတ်တွေ ဖြန့်ကျက်နိုင်တာမို့ ကိုယ့်မြို့ကိုယ့်ရွာက သာရေး နာရေး မှန်သမျှ သိရှိဘို့ အခွင့်အလမ်းနှင့် ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးများနည်းပါးလှပါတယ်။
အဝေးရောက်နေတဲ့ ကျွန်တော်တို့တွေဟာ ဇာတိမြေ အလွမ်းပြေအဖြစ် ကျောက်ပန်း တောင်းအသင်း အင်တာနက် ၀ဘ်ဆိုဒ်လေးမှာ စုံစည်းကြပါတယ်။ လက်ရှိ ကျောက်ပန်းတောင်းမြို့မှာရှိတဲ့ ညီငယ် ညီမငယ် လေးများမှ မြို့၏ အထင်ကရ စေတီပုထိုး ဓာတ်ပုံများ တင်ပေးမှုကြောင့် လွမ်းစွတ်မှု အာသာပြေ ကြည့်ခွင့်ရ ပါတယ်။ ထို့ထက်တဆင့်တိုးလို့ ကျောက်ပန်းတောင်မြို့လေးရဲ့ ဘာသာရေး၊ သာရေးနာရေး နှင့် ပညာရေး စတဲ့ လူမှုရေး အထောက်ကူ လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အရေး မရခဲ့ပါဘူး။
အင်တာနက် ခေတ်မှာ သတင်းနှင့်နည်းပညာ လွယ်ကူစွာ စီးဆင်းပြန့်နှံလို့ ဆက်သွယ်ရေးလွယ်ကူတယ် ဆိုစေဦး တော့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်အနေဖြင့် တစ်ပိုင်တစ်နိုင် လူမှုရေး အကူညီကိုသာ လုပ်ကိုင်နိုင်ပါတယ်။
ဒီလို အခြေနေမျိုးမှသည် ပူးပေါင်းဆောင်ရွက်လို့ ကျောက်ပန်းတောင်းအသင်း ဆိုတာလေး ပေါ်လာခဲ့ရင်၊ အနယ်နယ် အရပ်ရပ် နိုင်ငံတကာမှ ကျောက်ပန်းတောင်း မြို့သူ မြို့သားများ လူအင်အား၊ ငွေကြေးအင်အား ပေါင်းစည်းလိုက်ရင်ဖြင့် ပို၍ကောင်းမွန်သော လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (20.09.2009)နေ့က စင်္ကပူနိုင်ငံ မှာအလုပ်လုပ်ကိုင်နေကြတဲ့ ကျောက်ပန်းတောင်းမြို့မှ လူငယ်များ ကိုအောင်မျိုးမင်း (အင်တောကျယ်)၊ ကိုကျော်နိုင်ထွန်း (ဂွေးပင်)၊ ကိုညီညီကျော်(မြို့မကွက်သစ်)၊ ကိုဆန်းဝင်း (လက်ပန်ကျင်း) တို့ တွေ့စုံခဲ့ကြပါတယ်။ ယခုလက်ရှိ ကျောက်ပန်းတောင်းအသင်း အင်တာနက် ၀ဘ်ဆိုဒ် တည်ထောင်သူ ကိုရဲဖြိုး (စကားဝါမြေ) အပါအ၀င်ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မိတ်ဆက်ကြ စကား စမည် ပြောဆိုကြလို့ အားလုံးသဘာတူညီမှု ရခဲ့တဲ့ အစီအစဉ်လေး တခုရှိပါတယ်။ အဲဒါကတော့ ကျောက်ပန်း တောင်းမြို့အား အကျိုးပြုနိုင်မည့် အဝေးရောက် ကျောက်ပန်းတောင်းအသင်း (Fun Club) တည်ထောင်ဖွဲ့ စည်းရန်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဆန်ုစကရစ် တက္ကသိုလ်တွင် ဆန်ခရစ်ဘာသာနှင့် ပါဠိဘာသာ (Ph-D) ဒေါက်တာဘွဲ့ စည်းပူးနေသော ဆရာတော် အရှင်တေဇနိယ ၏ အားပေးမှု ကိုလဲ ရရှိထားပါသည်။
အထက်ပါ အဝေးရောက် ကျောက်ပန်းတောင်းအသင်း (Fun Club) ဖွဲ့စည်းမည့် အစီအစဉ်အား အနယ်အနယ် အရပ်ရပ်မှ ကျောင်းပန်းတောင်းသူ/သားများ ကျောက်ပန်းတောင်းအသင်း အင်တာနက်ဆိုဒ်တွင် ပါဝင်ဆွေးနွေး အကြံပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီထက်မက လူအင်အားစုံစုံ လင်လင်ရှိလာဖို့ မျှော်လင့်သလို အကြံညဏ်နှင့် ပူးပေါင်းမှုများ လည်းမျှော်လင့်ပါတယ်။ ကျောက်ပန်းတောင်းအသင်း အဖွဲ့အစည်း လေးကို ဖြစ်မြောက်နိုင်ဘို့ အားလုံး ပါဝင်လာကြဖို့ မျှော်လင့်ပါတယ်။ တစ်ဆင့်စကား တစ်ဆင့်ကြားလို့ ကျောက်ပန်းတောင်းအသင်း သို့ဆက်သွယ် ကြပါလို့ အများအကျိုးမျှော် ရေးသားလိုက်ပါတယ်။
ဆက်သွယ်ရန် >> This e-mail address is being protected from spambots. You need JavaScript enabled to view it
ဝင်ရောက်ဆွေးနွေးရန် >> http://kyaukpadaung.ning.com










