Weclome to Our Mandalay.

Anakku Baby Products

User Rating:  / 0
PoorBest 

            ဆိုက်ကလုန်း ဂီရိရဲ့ ခြိမ်းခြောက်မှုကြားထဲကနေ မန္တလေးမြို့မှာ သီတင်းကျွတ်လပြည့်နေ့ကို ကျော်ဖြတ်ခဲ့ကြပါတယ်။ သီတင်းကျွတ်အထူးအစီအစဉ်တွေနဲ့အတူ မန္တလေးမှာ ဈေးရောင်းပွဲတွေ၊ အထူးဈေးရောင်းပွဲတွေနဲ့ ဈေးနှုန်းတွေ အပြိုင်အဆိုင်ချပြီး ရောင်းချနေကြပါတယ်။ ပစ္စည်းမျိုးစုံကို အထူးအရောင်းမြှင့်တင်နေကြတော့ ၀ယ်သူများအတွက်ကတော့ အခွင့်ကောင်းဖြစ်ခဲ့ပါတယ်။ ဂီရိရဲ့ သတင်းကြောင့် လပြည့်နေ့မှာ အပြင်ထွက်ဈေးဝယ်မယ့်သူတွေ နည်းနည်းတော့ တွန့်နေကြပါတယ်။

            မန္တလေးသူ၊ မန္တလေးသားတွေဆိုတော့ မုန်တိုင်းလဲ မကြုံဘူး၊ အတွေ့အကြုံမရှိတော့ ကြောက်သင့်သလောက် သိပ်မကြောက်ကြပါဘူး။ အပြင်ထွက်သူအချို့တော့ ရှိနေဆဲပါ။ မုန်တိုင်းက ညနေပိုင်းမှာ ပျက်ပြယ်သွားတော့ ညပိုင်းမှာ ပြန်လည်စည်ကားနေပါတယ်။ လပြည့်ကျော်တစ်ရက်နေ့မှာတော့ လပြည့်နေ့က မလည်ရလို့ 78 Shopping Mall ကို ရောက်ခဲ့ပါတယ်။ ကလေးငယ်လေးတွေ ရှိုးအပြည့်နဲ့ အောက်မှာ တွေ့နေရလို့ လေ့လာကြည့်လိုက်တော့ Anakku Baby Products ရဲ့ ကလေးငယ်များအတွက် ရင်ခုန်ပျော်ရွှင်ဖွယ်ရာပြိုင်ပွဲများနှင့် သီတင်းကျွတ်အထူးဈေးရောင်းပွဲတော်ကို ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပနေတာ သိလိုက်ရပါတယ်။

ပြိုင်ပွဲများကျင်းပ


            ကလေးငယ်များအတွက် သီချင်းဆိုပြိုင်ပွဲ၊ အရုပ်ကောက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဖက်ရှင်ရှိုးပြိုင်ပွဲနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် Healthy MaMa ပြိုင်ပွဲကို ၂၃-၁၀-၂၀၁၀နဲ့ ၂၄-၁၀-၂၀၁၀ ရက်တွေ့မှာ ကျင်းပနေတာ တွေ့ရပါတယ်။ ကလေးငယ်များအတွက် ကျပ်သုံးသောင်းတန်ဆု၊ ကျပ်နှစ်သောင်းတန်ဆု၊ ကျပ် တစ်သောင်းတန်ဆုများနဲ့ နှစ်သိမ့်ဆု သုံးဆုစီ ချီးမြှင့်ပြီး မိခင်လောင်းများအတွက် ကျပ်ခုနစ်သောင်းတန်ဆု၊ ကျပ်ငါးသောင်းတန်ဆု၊ ကျပ်၃သောင်းတန်ဆုတွေကို ချီးမြှင့်နေတာ တွေ့ရပါတယ်။

            ကိုယ့်မှာလဲ ကလေးငယ်ရှိတော့ ကလေးပစ္စည်းလေးများကို သေသေချာချာ လေ့လာကြည့်ဖြစ်ခဲ့ပါတယ်။ အထူးဈေးရောင်းပွဲတော်ဆိုတာနဲ့အညီ အချို့ ပစ္စည်းတွေကို ၃၀ရာခိုင်နှုန်းအထိ လျော့ရောင်းချနေပါတယ်။ Anakku (အန်းနားကု)ရဲ့ အဓိပ္ပာယ်က My Child လို့ အဓိပ္ပာယ်ရပြီး မလေးရှားနိုင်ငံက ထုတ်လုပ်တာလို့ သိရပါတယ်။ ကလေးငယ်များအတွက် မွေးစမှ အသက်အရွယ်အလိုက် အသုံးအဆောင်ပစ္စည်းအစုံကို ထုတ်လုပ်ရောင်းချနေတာ တွေ့ရပါတယ်။ အကောင်းဆုံးကိုမှ မိမိသားသမီးများအတွက် ပေးအပ်ချင်တဲ့ မိဘများအတွက် အရည်းအသွေးနှင့်တန်ဖိုးညီမျှတဲ့ ပစ္စည်းတွေလို့ Anakku က ဆိုပါတယ်။

ကလေးငယ်များအတွက် အကောင်းဆုံး

            ကလေးငယ်များအတွက် ဆံကေသာကို နူးညံ့ပျော့ပျောင်းပြီး သန်စွမ်းစေအောင် စီမံဆောင်ရွက်ထားတဲ့ Baby Shampoo၊ အသားအရေကို သန့်စင်ပေးရုံသာမက အစိုဓာတ်နှင့် အာဟာရဓာတ်များကိုပါ ရရှိစေသည့် Baby Bath၊ လသားအရွယ်ကလေးငယ်များကို အနှီးပွန်းတာ၊ အပူဖု၊ မိတ်ဖုလေးတွေကို ပျောက်ကင်းစေပြီး အသားအရေအေးမြမှုကို ခံစားစေတဲ့ Baby Lotion၊ ကလေးငယ်များရဲ့ ခန္ဓာကိုယ် အေးစက်မှုကို ကာကွယ်ပေးပြီး ပရုတ်နှင့်ပူရှိန်း မပါဝင်တာကြောင့် အပူလောင်မှုမဖြစ်သည့် Baby Warming Oil၊ ကလေးငယ်များရဲ့ နူးညံ့တဲ့ဆံပင်များအား ဆံပင်နှစ်ခွဖြစ်တာနဲ့ ခြောက်သွေ့သည့်ဆံပင်များအား အားဖြည့်ပေးတဲ့အပြင် လူကြီးများပါသုံးနိုင်တဲ့ Baby Oil၊ ကလေးငယ်များအတွက် အကောင်းဆုံးဖြစ်အောင် ပြောင်းဖူးအမှုန့်အနုလေးများပါဝင်တာကြောင့် အစိုဓာတ်ကို စုပ်ယူမှုအားကောင်းစေတဲ့ Baby Talc စတဲ့ ကလေးငယ်များအတွက် လိုအပ်သမျှကို Anakuu က ထုတ်လုပ်ထားပါတယ်။

            အဲဒါတွေအပြင် ၁၀၀ရာခိုင်နှုန်း ချည်သားနဲ့ ပြုလုပ်ထားပြီး လေ၀င်လေထွက်လည်းကောင်း၊ အသားအရေပွန်းရှမှုကိုလည်း ကာကွယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆေးပေါင်းထားတဲ့ ကလေးသုံး Napkins တွေကို အပွင့်နဲ့ ပြောင် နှစ်မျိုး ရှိနိုင်ပါတယ်။ နေ့စဉ်သုံးသုံး၊ ခရီးသွားရင် သုံးသုံး အနံ့အသက်ကင်းပြီး အရက်ပျံမပါဝင်လို့ စိတ်ချစွာ အသုံးပြုနိုင်တဲ့ Baby Wipes၊  ကလေးငယ်များအတွက် အသားအရေစိုထိုင်းခြင်းက ကာကွယ်ပေးပြီး သန့်ရှင်းလန်းဆန်းစေတဲ့ Baby Nappy Cream တွေကိုလည်း ထုတ်လုပ်ရောင်းချပေးလျက်ရှိတဲ့ Anakku ပါ။

မိသားစုတစ်လုံးပါ အသုံးပြုနိုင်

            ကလေးငယ်များတွေတင်မက မိသားစုတစ်ခုလုံးပါ အသုံးပြုနိုင်တဲ့ ရှားစောင်းလက်ပပ်နှင့် ပန်းသီးအဆီအနှစ်က ထုတ်လုပ်ထားတဲ့ Liquid Bath Refreshing Moment၊ ရှားစောင်းလက်ပပ်နှင့် ဗီတာမင်စီ အပြည့်အ၀ပါဝင်ပြီး မိသားစုသုံးကိုက်ညီတဲ့ Liquid Bath Whitening Glow၊ ရှားစောင်းလက်ပပ်နှင့် လာဗင်ဒါအဆီအနှစ်က ထုတ်လုပ်ထားပြီး အပျော့စားဖော်မြူလာကြောင့် မိသားစုအဆင်ပြေစေတဲ့ Liquid Bath Soothing soft၊ ရှားစောင်းလက်ပပ်နှင့် နို့မှ ထုတ်လုပ်ထားသည့် Liquid Bath Milky Soft၊ ရှားစောင်းလက်ပပ်နှင့် သဘာဝပန်းရနံ့တို့ ပေါင်းစပ်ထုတ်လုပ်ထားသည့် Liquid Bath Spring blossom၊ အထူးတလည် ပြင်းအားလျော့ထားတဲ့ ရှားစောင်းလက်ပပ်နဲ့ Natural Breezy Fragrance ရနံ့ကြောင့် အသားအရေချော့မွေ့ပြီး တစ်နေ့လုံး လန်းဆန်းစေတဲ့ Liquid Bath Summer Breeze၊ စားသောက်ဖွယ်ရာ သစ်သီး၊ ဟင်းသီးဟင်းရွက်များနှင့် ကလေးအသုံးအဆောင်များကို သန့်ရှင်းဆေးကြောနိုင်တဲ့ Liquid Cleanser တို့ကလဲ မိသားစုအားလုံးအတွက် အဆင်ပြေစေမှာပါ။

            ကလေးငယ်များအတွက် နို့ဘူး၊ ရေဘူးများကိုလည်း Bisphol-A လို့ ခေါ်တဲ့ BPA ကြောင့် ကလေးငယ်များကို မထိခိုက်စေအောင် Anakku က အထူးတလည် ဖန်တီးထုတ်လုပ်ထားပါတယ်။ BPA ဆိုတဲ့ ဓာတုဗေဒဒြပ်ပေါင်းက ထည့်လိုက်တဲ့ အစားအသောက်၊ အရည်များမှာ ဘူးကတစ်ဆင့် ပျော်ဝင်သွားတတ်ပါတယ်။ BPA ဓာတ်က မျိုးရိုးဗီဇပြောင်းလဲမှုနဲ့ သမရိုးကျ ရုပ်ခန္ဓာနှင့် အမူအကျင့်များကို နှောက်ယှက်တတ်ပါတယ်။ ကလေးများအတွက် အရှိန်အဟုန်နဲ့ ကြီးထွားဖွံ့ဖြိုးနေစဉ်မှာ BPA ဓာတ်က အနှောက်အယှက်ပြုရင် ကလေးများအတွက် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် Anakkuက ကလေးငယ်များအတွက် BPA ကင်းစင်အောင် အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

အရည်းအသွေးနှင့်တန်ဖိုး လိုက်ဖက်ညီ

            ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းမျိုးစုံအပြင် အ၀တ်အထည်မျိုးစုံကိုလည်း ၁၀၀ရာခိုင်နှုန်း ချည်သားများနဲ့ ထုတ်လုပ်ပေးထားပြန်ပါတယ်။ ဒီဇိုင်းစုံ၊ အရွယ်စုံ၊ ကျား၊မ မျိုးစုံတို့အတွက် ချစ်စဖွယ် အထည်လေးများကို တွေ့မြင်ခဲ့ရပါတယ်။ အ၀တ်အထည်သာမက ဖိနပ်ကအစ ကလေးငယ်တစ်ဦးအတွက် အရာရာပြည့်စုံအောင် Anakkuက ဖြည့်ဆည်းပေးထားပါတယ်။

            မန္တလေးမှာ မုန်တိုင်းကြောင့် လပြည့်နေ့က အပြင်မထွက်ဖြစ်ကြသူတွေ လပြည့်ကျော်၁ရက်နေ့မှာတော့ အပြင်ထွက်နေကြပါတယ်။ ကလေးငယ်များရဲ့ ချစ်စဖွယ် ပြိုင်ဆိုင်မှုများကို ကြည့်ရှုရင်း Anakku က ထုတ်လုပ်ထားတဲ့ ပစ္စည်းများကို လေ့လာကြည့်မိနေပါတယ်။ ပစ္စည်းအားလုံးက ကလေးငယ်များအတွက် သင့်လျော်သလို ရရှိတဲ့ ပစ္စည်းရဲ့ အရည်အသွေးနဲ့ တန်ဖိုးကလည်း လိုက်ဖက်ညီတာတွေ့ရပါတယ်။ အိမ်က သားသားအတွက် လိုအပ်မယ်ထင်တဲ့ ပစ္စည်းလေးတွေကို ရွေးချယ်ဝယ်ယူရင်း 7 Day Shopping Guide ပရိသတ်များအတွက်လည်း မန္တလေးမှာ Anakku Showroom ကို ၂၆လမ်းနဲ့ ၇၉လမ်းထောင့် မှာ ဖွင့်လှစ်ထားပါကြောင်း လမ်းညွှန်ပေးလိုက်ရပါတယ်။

Additional information